Pages

Saturday, October 13, 2012

** ပိုးထိတဲ့မြွှေ **


မျက်စိမှိတ်ထားတဲ့ပန်း
အဖြူရောင် ၀တ်ရည်အပြည့်
သုံးသပ်မှုတွေ ဆွံအနေတဲ့
လက်သုံးတော် ခေါင်းတစ်လုံးနဲ့
အငြင်းဝါကျတွေကို သုတ်သင်လေရဲ့ . . . . .

ကျီးတစ်ကောင်ရဲ့အတ္တ
ငှက်ယောင်ဆောင်တဲ့တိမ်
ရင့်ကျတ်ခြင်းမဲ့ ရင်ဘတ်ကို
ငုံ့မကြည့်တတ်တဲ့ အတွေ့အကြုံရဲ့
မျက်တောင်တစ်ချက်နဲ့တင် ၀တ်ရည်စက်လက် . . .

တစ်ခြမ်းပဲ့ကတိများ
မျက်ရည်နဲ့လဲရတဲ့ပီတိတွေ
ပွင့်ဖတ်တွေက ဆန့်ကျင်တိုင်း
ကွပ်မျက်တတ်တဲ့
တစ်ဖက်စွန်း ကိုးကွယ်ခြင်းရဲ့ အရောင်ရင့်ရင့် . . . .

နာကြည်းမှုမရှိတဲ့အငြိုး
ရိုးသယောင်နဲ့ မိုးဖြိုမတက်
ကျောခိုင်းထားတဲ့ ကြက်ခြေခတ်တွေ
ရမ္မက်နဲ့ ခပ်ခွာခွာနေပေးဖို့အတွက်
ကုသိုလ်မရတဲ့ ဒသနအချို့ သီကျူးတယ် . . . . . .

ရနံ့မဲ့ပန်းတစ်ပွင့်အဖြစ်
ငိုကြွေးခြင်းနဲ့ သရုပ်ဖေါ်နေတဲ့
အဖြူရောင် နောက်ကွယ်က
ရောင်စုံအစွန်းအထင်းတွေ
မျက်ရည်နဲ့ စင်ကြယ် နိုင်ပါမလား . . . . . .

ခန္ဒာကိုယ်ထဲကတိုက်ပွဲ
အချိန်လွန်သွားတဲ့အဖြေမှန်
ဆေးမမှီတဲ့ နောင်တ
နောက်ဘက်ကအမည်းနဲ့
အရောင်မသိတဲ့ အရှေ့ဘက်ကြားမှာ
ညီမျှခြင်းတွေ ရေးခြစ်နေခြင်းဖြင့်
ကျေအေးခြင်းမလိုတဲ့ လျော်ကြေးတစ်ခု
လူလားမြောက်ခဲ့ပြီပေါ့လေ. . . . . .


ရင်နင့်သူ




အမှားရောင်ခြယ်သူ



အရောင်လက်လက် . . မှုန်ရီေ၀၀ါး . .
ဖန်သားရောင်ထနေတဲ့
ပတ်ဝန်းကျင်ရှုခင်းတွေ
ရင်ခတ်သံနဲ့အတူ အချိန်မှန်မှန် . . .
ဟုတ်တယ် . . .
မျက်ရည်တစ်လွှာကြားမှာခံတိုင်း
ငါ့ကမ္ဘာက ဖန်သားကမ္ဘာ . . . .
အလိုလို ကျကွဲတဲ့ ည တစ်ညမှမရှိဘူး . . .

ကိုယ့်အသားကိုမနာအောင်ဆိတ်ပြီး

အိမ်မက်ဘ၀ပြောင်းစေဖို့
ရေနဲ့ထုဆစ်ထားတဲ့
တစ်ကိုယ်စာ ဆုတောင်းလေးတစ်ခု
ပိုးမွေးသလိုမွေးထားတယ် . . .
သူလိမ္မာဘူး . . .
ခဏခဏ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံတယ် . . .

ရယူခြင်းကင်းတယ်ဆိုတဲ့ကြွေးကျော
်သံဟာ
ဘာမှမရလို့ကျတဲ့ မျက်ရည်ထဲမှာ
တစ်ခါတစ်လေ အစရှာမရဘူး . . .
ဖြူစင်ခဲ့လေခြင်းဆိုတဲ့ တိုင်တည်မှုဟာလည်း
အထိအတွေ့တစ်ခုရဲ့တမ်းချင်းထဲမှာ
မုသားအဖြစ် ဇာတ်ပို့ နေရာမှာနေသတဲ့ . . . . . .
စည်းချက်တွေမှားရင်း မြိုင်နေတဲ့ အလွမ်းတွေပေါ့ . .

အခုတော့ . . . .

ငါသွားတော့မယ် . . . .
ဆောရီး . . မှားသွားတယ် ...
င့ါကိုထားခဲ့ပါတော့ . . . . . . .
နောက်ဆုံးဦးညွတ်ပါရေစေ . .
င့ါအမှားတွေအားလုံး
ငါနိုင်သလောက်သယ်သွားပါ့မယ် .
တစ်ချို့တစ်ဝက်ကိုတော့
ငါယူမသွားနိုင်တာ ခွင့်လွှတ်နိုင်ပါစေ . . .
င့ါ အိတ်ထက် ငါစိတ်ထားက သေးနေတုန်းမို့ပါ . . . . . . . . . ။
ရင်နင့်သူ







** မာယာတောမှ အပြန် **


ဆန်းသစ်တဲ့အမုန်းရဲ့ပွင့်ဖက်
အစဉ်အလာတွေကို

ဖောက်ထွက်တဲ့ ကကွက်ဆန်းတွေနဲ့ . . . . .
အဆိပ်ဝတ်ရည်အချို့
သီးသန့်များ မေတ္တာထားလေရော့လား . . . .

အစွန်းရောက်အလင်းမဲ့ခြေတစ်စုံ
ဘာသာတရားနဲ့အယူအဆတွေကို
ချိုးဖျက်ပြီး ရင်ခွင်ကို ကိုးကွယ်လေရဲ့ . . . . .
ကျောက်စက်ရည်တစ်စက်ရဲ့
ပင်လယ်မျှော်လင့်ချက် ခပ်အက်အက်ရယ် . .

တစ်ခြမ်းဖြူတဲ့ ကျိန်စာလှလှကို
ပျားရည်စမ်းပြီး မြိန်ယှက်တဲ့ခဏ
ဦးနှောက်ထဲက ကံတရားတွေလည်း
နေရာမလုလိုက်ရပဲ
ဆန္ဒတွေဖိမိလို့ ကျေမွကုန်တယ် . . . . . . .

ခြေလမ်းတိုင်းလမ်းဖြစ်ပေမယ့်
နမိတ်တိုင်းမှာ ပီတိမပါလာဘူး . . . . . . . .
မနက်ဖြန်တိုင်းမှာ မျက်ရည်ရှိရင်
နိဒါန်းအတွက် သက်သေရှိမလား
မျဉ်းဖြောင့်တစ်ကြောင်းက
ထောင့်တစ်ခုကို ရိုးသားစွာ ငါ မေ့နေခဲ့ . . . .

နားလည်ဖို့မလိုတဲ့ ၀င်္ကပါ
ခံစားတတ်ရုံနဲ့ မိုးသည်းတယ်. . . . . . . . .
အမှောင်နဲ့ စတဲ့ ဇာတ်
အလင်းနဲ့ မသိမ်းကောင်းလို့
အဟောင်းမှန်သမျှကို ငါ ဖုန်သုတ်ခဲ့ပြီ . . .

မုသားအစာနဲ့ ချိတ်တစ်ခု
အိပ်မက်ကို သွေးဆောင်
တစ်ယောက်တည်းရတဲ့ ရနံ့နဲ့ဝေးရာ
ပုခုံးနှစ်ဖက်ကြားက ခေါင်းကွယ်တဲ့နေ့
ငါဆိုတာ လူယောင်ဆောင်ဖြစ်ဦး မှာပေါ့ . . . . . . . . .. ။


ရင်နင့်သူ
----------

ရင်နင့်သူ


တာဝန်တိုက်ပွဲ

ငိုသံနဲ့စ
ငိုသံနဲ့ဆုံးတဲ့လူဘဝ
အုံးအုံးကြွပ်ကြွပ်လူတွေကြား

မနေမနားဖြတ်သန်းခဲ့တယ်
ဟုတ်ပါပြီ
မင်းရဲ့ပန်းတိုင်ကဘယ်လဲ။

မွေးကထဲက
သဘာဝကပေးတဲ့လက်ဆောင်
ခေါင်းတစ်လုံးလက်နှစ်ဖက်ခြေနှစ်ဖက်
ဘယ်လောက်သုံးပြီးပြီလဲ။
ဘယ်လောက်ကျန်သေးလဲ။
ဘာတွေအတွက်သုံးမှာလဲ
ဘာတွေအတွက်သုံးပြီးပြီလဲ။
ဘယ်သူတွေအတွက်သုံးမှာလဲ
ဘာလဲညာလဲ
လဲပေါင်းများစွာစဉ်းစားနေတုန်း
အချိန်က
သန်စွမ်းမှုတွေ အင်အားတွေကို
တိုက်စားသွားတာ မင်း
သတိပြုမိခဲ့ရဲ့လား။


အေး ဟုတ်တယ်
မင်းရဲ့ရှင်သန်မှုကို
အချိန်ကတိုက်စားနေတယ်
လောကဓံကခနဲ့နေတယ်
ပတ်ဝန်းကျင်ကတိုက်ခိုက်နေတယ်ညီလေး
မင်းဟာစိန်ခေါ်မှုတွေနဲ့ဝိုင်းနေမယ်လေ


သူတို့ကိုစိတ်မကွက်ပါနဲ့
ဒါသူတို့ဝတ္တရားသူတို့တာဝန်ညီလေး
သူတို့ကတာဝန်ကျေဖို့လူတွေကိုဒုက္ခပေးရသလို
လူတွေကကိုယ့်တာဝန်ကိုယ်ကျေမှ
သူတို့ကိုကျော်ဖြတ်နိုင်မှာညီလေ
လူတွေကကိုယ့်တာဝန်ကိုယ်ကျေမှ ဟုတ်ပလား။


အေး
မင်း
ဘဝဟာအဓိပ္ပာယ်ရှိချင်တယ်ဆိုရင်
အေး
မင်း
ဘဝဟာသာယာချင်တယ်ဆိုရင်
အေး
မင်း
ဘဝမှာအောင်မြင်ချင်တယ်ဆိုရင်
အေး
မင်း
ဘဝကြီးကောင်းချင်ပါတယ်ဆိုရင်တော
တာဝန်ကျေမှုကိုရှာပေတော့ညီလေး။


အချိန်တော့သိပ်မဆွဲနဲ့ကွာ
သေမင်းကလည်းအချိန်များများမပေးဘူး
သူလည်းတာဝန်အရပေါ့ကွာ။


မြင်လားညီလေး
သူတို့တွေတာဝန်ကိုသိနေတဲ့အချိန်
ငါတို့ရှာတုန်း
ငါတို့သတ်မှတ်တုန်း
ငါတို့.............. တုန်း
ဆိုတော့
ငါတို့တပန်းရှုံးနေတယ်
ကြိုးစားမှတော်ခါကျမယ်ညီလေး
မဖြစ်မနေပေါ့
တာဝန်အရပဲလေကွာ ဟားဟား။


အောင်စည်သာ
1:31 pm
12.10.2012

*ဂန္တ၀င်ဆန်ဆန် ည . . .*


*ဂန္တ၀င်ဆန်ဆန် ည . . .*

အလင်းရဲ့ နတ်သမီး
ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ်
ကြယ်မရှိ လမရှိပဲ
သံယောဇဉ်တွေ ကောင်းကင်ပေါ်က
ကြွေဆင်းလာတယ် . .         Si Thu

အိမ်မက်လေလား အတွေးလေလား
ကဗျာဆန်တဲ့ ပညတ်တခု
ရင်ထဲကို ထုဆစ်ကြည့်တယ်
လှလိုက်တဲ့ ဒေ၀ီ
နာရီသံမပီတဲ့ ရင်ခုံသံတခု
ငေးမိတဲ့ မျက်ဝန်းတစုံက များနေပြီလား  Naing2


မင်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေတဲ့ ..
သူဖုန်းစားတစ်ယောက်လို . . . . . .
ငါ့ကို ကျောသပ်အယုံသွင်းဖို့ မလိုပါဘူး
သရဲနီမလေးရယ် ..
မင်းအမဲလိုက်တဲ့ တောရနံ့ကို မွှေးပျံ့မိကတည်းက
ငါ့မနက်ဖြန်ဟာ ဘယ်သူ့ကြောင့်မှ
နေထွက်မှာ မဟုတ်တော့ဘူး ။    Si Thu


ရိုးသားစွာ ၀န်ခံမှု တစ်ခု ပြုရရင်
အရောင်တွေ လက်နေတဲ့ အလင်းက
အမှောင်တွေ ပြန်ခွင်းမှာလား
အလင်းရောင်ပျောက်နေတဲ့ ရင်ခုံသံကရော
တည်ငြိမ်အေးချမ်းသွားမှာလား
ခပ်ပါးပါး အလွမ်းတွေကြားက
တီးတိုး ရွတ်မိတဲ့ စကားလေးတစ်ခွန်း
မင်းကို သိပ်ချစ်တယ်    Naing2

ချစ်သူကို ........................ ကျွန်တော်ချစ်တယ်...............
ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ...
အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။
ချစ်တယ်........... ချစ်တယ်............ ချစ်တယ်..............
အကြိမ်ပေါင်းများစွာ အက္ခရာတင် ...

ကျွန်တော့်စာအုပ်လေးတောင် ပြည့်ကျပ်သွား   Si Thu


ဆိုနေတဲ့ သီချင်းသံတွေ ရပ်
မျက်ဝန်းပေါ်က အလှအတွက်
ကဗျာစပ်လို့ ရေးမိတယ်
ချစ်တာအပြစ်လား လွမ်းတာ အပြစ်လား
ဆွေးတာ အပြစ်လားရဲ့ နောက်
သူနှလုံးသား ခြေတစ်စုံရဲ့အောက်
ရုတ်တရက်ဒူးထောက်မိသွားတယ်     Naing2

အဲ့ဒီည.......
ဂန္တ၀င်ဆန်ဆန် ည . . . .
ဂန္တ၀င်ဆန်ဆန် စကားလုံးတွေ
တစ်လုံးစ . . .
နှစ်လုံးစ . . .
ဂန္တ၀င်ဆန်ဆန် ပျောက်ဆုံးသွား
ဂန္တ၀င်ဆန်ဆန် ဗလာအိမ်မက်နဲ့
ဒီညထဲ ဘာအလင်းမှ ပါမလာတော့ဘူး...။     Si Thu


ကြိုးပျက်တယော

မမြင်နိုင်တဲ့ အနာဂတ်မှာ
ခမ်းနားခြင်းမရှိတဲ့ အညတြရင်ခွင်ထဲ

အချစ်ဆိုတာကို သာမန်ပြယုဂ်တစ်ခုလိုသာ.................။ ( Romeo )

ဝေခွဲမရတဲ့အတွေးမှာ
အနမ်းမခင်းတဲ့ လွမ်းခြင်းပုံပြင်ထဲ
ကြည်နူးခြင်းက ပုံရိပ်ရောင် သက်သက်သာ...................။ ( Amigo )

နင့်အမြင်မှာ သံချေးတက် နှလုံးသားလေးပါ
လာချင်တိုင်းလာ ညာချင်တိုင်းညာပြီးမှ
အမုန်းဖက်တဲ့ အပြုံးကိုဘာလို့စွန့်ကျဲခဲ့လဲ….........။ ( Romeo )


နှလုံးသားကိုက အညှာလွယ်တာပါလေ . .
မျက်တောင်တစ်ချက်အပင့်မှာတင် . .
အရာရာ . . ပျောက်ရှသွားလေတယ် ................။ ( Amigo )

ပျားရည်မလွှမ်းတဲ့ နှုတ်ခမ်း
မနမ်းရှိုက်တာ မဆန်းပေမယ့်
ဓားသွားထက်က ပျားရည်စက်ကို
ကြည့်တဲ့မျက်ဝန်းလက်လက်က
ငါ့အတွက် ငရဲခန်းနှယ်...............။ ( Romeo )

အနမ်းနဲ့အသက်ဆက်တဲ့ပန်း
အလွမ်းမိုးမိလို့ ညှိုးရော်ရော်
သခင်ဖြိုတဲ့တိမ်
ညိုမရောင်နဲ့ လျှပ်ပန်းနွယ်တစ်ဖျတ်ဖျတ်ခတ်
ရင်တစ်ခွင်လုံး မှုန်ရီမှိုင်း ....................။ ( Amigo )

ကကြိုးပျက်တဲ့ တယောသံက
နင့်အတွက် ပျက်လုံးသာသာ
သံစဉ်မကြွေကျငါ့ညနဲ့
ငါ့နှလုံးသားက အက်ကွဲရာအထင်းသား.........။ ( Romeo )

အရောင်မစုံဘ၀ ကာရန်ပျောက်ရှ
အိပ်မက်တွေညီမျှခြင်းမကျ
ဝေးလွင့်ခြင်းနောက်ကွယ်က
အဆိပ်တက်တဲ့ အိပ်ပျက်ည....................။ ( Amigo )


ဝေခွဲမရတဲ့ ကြေကွဲရတဲ့ညအတွက် ထွက်ကျတဲ့ အလွမ်းသက်သေ 
 
 
Amigo Jue
Romeo Soe
 

အမျိုးဘာသာ သာသနာ

ခေတ်အလှကို စနစ်ကျကျပွဲမထုတ်
မရှုမလှဆွဲမြှုပ်တဲ့ ဝဲဂယက်လို

စွဲမက်တဲ့ငွေဂုဏ် အရေခြုံ
မလုံမစုံတွေဖက် တရားရယ်ပျက်
မက်မပြေ အာသီသတွေနဲ့
မညီလှတဲ့ဇောတွေဖုံး
ရှေ့ဆက်သာသုံးရင်တော့
တုံးလိမ့်မကွဲ့ မြန်မာလူမျိုး။

မြန်မာပြည်ရက် အထည်တွေတဲ့
အဆင်ကညှက် အသွေးရောင်အစုံစုံနဲ့
လှချက်ကအဖုံဖုံ မြင်ရရုံမက်စရာပေပ
သက်လျာဆွေနှမတွေ ဆင်သင့်ပါရက်
တွေးချက်ကလွဲ။

ပွဲဖျက်မဲ့အတွေးတွေနဲ့ တိုင်းတပါးကိုခင်
မလုံ့တလုံဆင် ကမ္ဘာကိုယှဉ်
မမြင်သာတဲ့အလှများ ထင်ကရ ထားလို့
အမေကိုမထောက်ထား ဆန်းပြားတဲ့အလှကိုခင်
တကယ်ဆင်ကြရင်ဖြင့် ပျက်လေမကွဲ့တကယ်ယုံ
မြန်မာ့တွေရဲ့ဂုဏ်။

ဘာသာဆိုအလေးမထား မှန်ရာကိုမလေးစား
သာသနာကိုဘေးထား အတွေးမှားတွေဝင်
သံသရာကိုမမြင် တဏှာဆိုတာကိုခင်
သံဃာတွေကိုရန်သူထင် ဘုရားရှင်ကိုမျက်ကွယ်ပြု
စစ်ပွဲတွေအတည်ပြု ရန်မှုတွေစုနေကြရင်ဖြင့်
ပျက်မှာသာအသေချာ မြန်မာ့သာသနာ။
Layeik Lay
 

" တစ်ချိန်က"

ကြာခဲ့ပါပြီလေ
စိတ်ကူးယဉ်မှုခဲ့မှုတွေ အကုန်လုံးက
သူမနဲ့ အတူတူ... လေထဲမှာ ပျောက်ကွယ်ကုန်တာလေ

ကြာခဲ့ပါပြီလေ
အိမ်မက်ဆိုးတွေနဲ့ပဲ ခြောက်လှန့်ခံနေရလို့
အိပ်မက်လှလှလေးတွေ မက်ခွင့်မရှိတော့တာ

ကြာခဲ့ပါပြီလေ
ဟိုးဝေးဝေးက မှုန်ဝါးဝါး မြင်နေရတဲ့
သူမနဲ့ နောက်အရိပ်တစ်ခု... လက်လေးတွဲလို့
ကျွန်တော့်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့တာ

အားတင်းပြီး သွားကြည့်တယ်
မတွေ့ဘူး ပိုဝေးဝေးလာတယ်
သွားလေ ဝေးလေနဲ့ နောက်ဆုံး
ကျွန်တော်လည်း လုံးပါးပါးရပြီပေါ့

ကြာခဲ့ပါပြီလေ
အချစ်ဆိုတာလည်း မရှိတော့ပါဘူး
သူမနဲ့ အတူတူ ကျွန်တော့အချစ်က
စိတ်ကူးယဉ် ကမ္ဘာထဲမှာ ပျောက်ဆုံးသွားပြီလေ

အဆင်ပြေသလိုသာပြုစားပါ ချစ်သူ
နာကျင်လွယ်တဲ့ နှလုံးသားကို လှည့်ကြည့်မနေပါနဲ့တော့
လုပ်သလိုမဖြစ်ရင်တောင် ဖြစ်သလိုလုပ်နေကြတဲ့
ဒီလောကထဲမှာ
ငါလည်း နေသလိုမဖြစ်ရင်တောင်
ဖြစ်သလိုနေရတော့မှာပေါ့

*Zin Ko Htet*
 

မေ့အသည်းသခင်

ပန်းကလေးဘဝ လန်းရလည်းခဏ
နွမ်းမွပျက်ယွင်း အဆင်းလွင့်ကြွေ
နှင်းပွင့်တွေအလား ကွယ်ပျောက်မသွားခင်

သခင့်ရင်တွင်း ချစ်ခြင်းအတွက်
ပေးဆပ်အပ်နှင်း အသက်ရင်းလို့
နှလုံးသွေးအမြစ်ချ အသည်းမွမွကို
လိုရာစေသုံး မူထုံးတွေနဲ့
တစ်သက်လုံးအတွက် ဆက်ထုံးနှောင်တွယ်
ပျော်စေ့ချင်တယ် မေ့အသည်းရှင်ရယ်။

ခရေဖြစ်လဲ အကြွေဘဝနဲ့သာ
နေပြချင်လှ တစ်ခဏအဆွေး
ဆယ်ဘဝဝေးလဲ ကွေကွင်းဆင်းရဲ
မြေနင်းပန်းဘဝ လွမ်းရစေသား
အငြိုးပွားခဲ့ ချန်ထားရက်စက်
ပန်မသွားခဲ့လည်း ကံတရားကိုပဲ
အပြစ်ယူလျှက် ချစ်နေခွင့်ပဲ
ရပါရစေ။

နှင်းဆီငုံဖူး အချစ်ဦးကို
ပန်ဦးချွေချ နှင်းဆက်သလည်း
ငြူစူဘဝ တဒင်္ဂမဟုတ်
ပြယုတ်တစ်ခုနှယ် ချစ်ခြင်းပြယ်လည်း
မေ့ရင်ထဲဝယ် အပြစ်မရွယ်
အမြစ်တွယ်လျှက် ချစ်နေဆဲမို့
တစ်ယောက်တည်းပဲ လွမ်းပါရစေ
မေ့အသည်း သခင်ရေ။
 
Layeik Lay
 

အမှားရောင်ခြယ်သူ

အရောင်လက်လက် . . မှုန်ရီေ၀၀ါး . .
ဖန်သားရောင်ထနေတဲ့

ပတ်ဝန်းကျင်ရှုခင်းတွေ
ရင်ခတ်သံနဲ့အတူ အချိန်မှန်မှန် . . .
ဟုတ်တယ် . . .
မျက်ရည်တစ်လွှာကြားမှာခံတိုင်း
ငါ့ကမ္ဘာက ဖန်သားကမ္ဘာ . . . .
အလိုလို ကျကွဲတဲ့ ည တစ်ညမှမရှိဘူး . . .

ကိုယ့်အသားကိုမနာအောင်ဆိတ်ပြီး
အိမ်မက်ဘ၀ပြောင်းစေဖို့
ရေနဲ့ထုဆစ်ထားတဲ့
တစ်ကိုယ်စာ ဆုတောင်းလေးတစ်ခု
ပိုးမွေးသလိုမွေးထားတယ် . . .
သူလိမ္မာဘူး . . .
ခဏခဏ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံတယ် . . .

ရယူခြင်းကင်းတယ်ဆိုတဲ့ကြွေးကျော်သံဟာ
ဘာမှမရလို့ကျတဲ့ မျက်ရည်ထဲမှာ
တစ်ခါတစ်လေ အစရှာမရဘူး . . .
ဖြူစင်ခဲ့လေခြင်းဆိုတဲ့ တိုင်တည်မှုဟာလည်း
အထိအတွေ့တစ်ခုရဲ့တမ်းချင်းထဲမှာ
မုသားအဖြစ် ဇာတ်ပို့ နေရာမှာနေသတဲ့ . . . . . .
စည်းချက်တွေမှားရင်း မြိုင်နေတဲ့ အလွမ်းတွေပေါ့ . .

အခုတော့ . . . .
ငါသွားတော့မယ် . . . .
ဆောရီး . . မှားသွားတယ် ...
င့ါကိုထားခဲ့ပါတော့ . . . . . . .
နောက်ဆုံးဦးညွတ်ပါရေစေ . .
င့ါအမှားတွေအားလုံး
ငါနိုင်သလောက်သယ်သွားပါ့မယ် .
တစ်ချို့တစ်ဝက်ကိုတော့
ငါယူမသွားနိုင်တာ ခွင့်လွှတ်နိုင်ပါစေ . . .
င့ါ အိတ်ထက် ငါစိတ်ထားက သေးနေတုန်းမို့ပါ . . . . . . . . . ။

ရင်နင့်သူ
ရင်နင့် သူ
 

"အတွင်း သဏ္ဌန်"

ကြိုးကြာတို့ အိပ်တန်းတက်ကြပြီ
ဒီညနေခင်းတို့
အစွမ်းကုန် လှပစေ...


ပြုံးရယ်ထားတဲ့မျက်နှာထားဟာ
ကြေကွဲစရာတွေကိုလည်း
ဖုံးဖိထားနိုင်ခဲ့ပြီလား?

ငိုကြွေးမျက်နှာကပဲ
အသုံးတည့်မယ်ဆိုရင်တော့
ခွင့်လွှတ်ပါ

ယောကျာ်းကောင်းတို့ရဲ့သစ္စာ
ချစ်ခြင်းတရားအပေါ် သက်ဝင်ယုံကြည်မှု
ငါဘာကိုမှ ဘယ်တော့မှ
မပျောက်ပျက်ခဲ့

ချစ်ရသူကောင်မလေးရေ...
တောင်တန်းတွေသိပ်မြင့်မားကြသလို
ချိုင့်ဝှမ်းတွေ ပင်လယ်တွေ နိမ့်ဆင်း
သူ့အရည်ချင်းနဲ့သူရှိကြောင်းကို
မင်းနားလည်စေချင်တယ်
ပျော်ပျော်ပဲနေတတ်တဲ့လူတစ်ယောက်အကြောင်းကို
ကဗျာတစ်ပုဒ်နဲ့ပဲနားလည်
အခုတော့လေ
ငါ
အားရပါးရ ရယ်မော ငိုကြွေး နေပါတယ်။ ။

(နှစ်ဆန်းနိုင်)
 
Nitsan Naing
 

ဇရပ်

ငါ့ဆီလာကြတယ် ငါပျော်လိုက်ရတာ

နင်တို့အေးဖို့ ငါမိုးပေးထားမယ်

ဟန်ဆောင်မှုတွေ ပစ်ချခဲ့လိုက်

သောကတွေ ရေဆေးပစ်လိုက်

အိပ်စက်ဖို့အတွက် ငါ့ကိုယ်ငါ ခင်းပေးထားတယ်...


သူတို့ပြန်ကြပြီ ငါ့မျက်ရည်တွေ ဘယ်သူမှမသိ

ကျေဇူးတင်ဖို့မလို မြတ်နိုးတဲ့အကြည့်ပဲလိုတယ်

ဘာမှပြန်မပေးရင်တောင် အသိမှတ်တော့ ပြုပေးပါ

နင်တို့ပြန်ဖို့ ငါ့ကျောကို လှေခါးလုပ်ပေးထားတယ်...


မရောက်သေးတဲ့ သူတွေကို လမ်းညွှန်ပေးပါ

နင်တို့ နာမည်ပြန်မပြောပြဘူး

ဘာလုပ်ခဲ့သလဲ မသိစေရဘူး

နွေးထွေးမှုသာ ငါတောင့်တတယ်

ငါ့တာဝန် ငါကျေမှာပါ..
 
Paw Paw Aung
 

ကလေးရယ်


ကလေးရယ် အတွေးနယ်ပယ်

မျက်ရည်လည်လို့ အဆွေးခြယ်သ

နွမ်းလေသမျှ မလှဘဝ

စခဲ့ရတော့ အဖေမေစုံ

မြင်ပုံရယ်ထူး ကြည်နူးထွေးဖက်

အနန္တလက်တွေ မက်မပြေ

လှရက်ပေလို့ ထင်နေလေသလား

ကလေးရယ်။



စိတ်ဝယ်အားငယ် တမ်းတမပြယ်

မှန်းဆရွယ်လို့

လှမ်းခေါ်မရ အဝေးဆီက

မတွေ့ခဲ့ရတဲ့ အဖေမေကိုများ

လွမ်းနေလေသလား ကလေးရယ်။



ဘဝနေစွယ် မကွယ်ခင်တော့

ကြင်နာမရ ဝမ်းမဝလည်း

လှမ်းနေရမြဲ ဘဝအခက်ခဲ

ကြမ်းတမ်းဆဲလေ အတွေးနယ်ချဲ့

အားမငယ်လေနဲ့ ကလေးရယ်။



တကယ်လို့များ အတွေးထားက

ငါ၏နဘေး ဖေးမစရာ

ငါ၏စိတ်သာ ကိုးကွယ်ရာလို့

စိတ်မှာမှတ်သား အားတင်းထားလို့

ဘဝမှောင်တွင်း အလင်းတွေချွေ

ပန်းတွေဝေတဲ့ နေ့သစ်အတွက်

အားတွေဖြည့်စွက် လှမ်းတက်ခဲ့တော့

ကလေးရယ်။
 
Layeik Lay
 
 
 

ကျောင်းတော်အလွမ်း

သတိတရ ပလက်ဖောင်း အစီရီနဲ့ 
နီယွန်မီးဆိုတဲ့  အထိတွေ့ 
လမ်းတိုင်းပေါ်ပျော်မြူးလို့ ပေါ့  .။
ခရေပင်လမ်းတဲ့ 
လွမ်းမောစရာတွေ နင့် နင့် သဲသဲပွင့် တယ်...။
နွေ၊မိုး၊ဆောင်း အမြဲစိမ်းတောလို
ရင်ခွင်တိုင်း အေးချမ်းတဲ့ မြေ
စိန်ပန်းပြာတွေက
ကျောင်းတော်ကြီးကို ထုဆစ်လို့ 
ကြည်ပြာရောင်တိမ်စိုင်တွေ
ကျောင်းလုံးကျွတ်ရွာသည်းဖူးတာပေါ့ ..။
ရေခြားမြေခြား ရောင်စုံပန်းတွေ
အလွမ်းခင်းတဲ့ လမ်းတချို့  ဖောက်လုပ်ချိန်
ဒီအရိပ်ကိုငေးရင်း
ဘယ်တော့ မှလက်မပြတော့ ဘူးဆိုတဲ့ စိတ်လည်း
နွေဦးရဲ့ 
တောင်သမန်အင်းလို သောင်အပြည့် ထွန်းခဲ့ ရတာပါပဲ..။
 
Ko Sai
 

တေလေရဲ့နတ္တိ

 သောကတွေပြည့်နေတဲ့
လောကထဲမှာ
အနေအထိုင်မတက်တဲ့ ငါလိုလူအတွက်
အသဲကြမ်းကြမ်းတစ်ခုလောက်
ပေးသနားတော်မူလှည့်ပါ။

ရင်ထဲ မုန်တိုင်းတွေ အစုအပြုံလိုက်ဝင်ပြီးမှတော့
သက်သာရဲ့လားလို့ မမေးပါနဲ့
ကြင်နာလို့ နာကျင်ရတဲ့ ဝေဒနာအတွက် ဖြေသာပါတယ်။

ဖြစ်စဉ်ကိုခန့်မှန်းမကြည့်ပါနဲ့
အပူအအေးပေါင်းစပ်လို့
အစိတ်စိတ်အမွှာမွှာဖြစ်သွားတဲ့
ဖန်ခွက်တစ်လုံးလို ငါ့နှလုံးသားကို မြင်ကြည့်စမ်းပါ။
ငရဲမီးနဲ့ရောထွေးနေတဲ့ သွေးဆိုးတွေနဲ့
ငါ့နှလုံးသားလည်း ပြန့်ကျဲနေပြီ

ရှုပ်ပွပေရေ တေလေရဲ့ကမ်းခြေတစ်ခုဟာ
မုန်တိုင်းဝင်ခဲ့တယ်ဆိုတာ သိသာပါတယ်
သံသယ တွေကြွင်းကျန်ခဲ့တဲ့
နှလုံးသားတစ်ခုကိုကော ဘယ်လိုခေါ်ကြမလဲ....

စစ်မှန်တဲ့အဖြစ်အပျက်တွေ
့ပြန်ပြောဖို့တောင်ခက်လှတယ်
နှစ်ခါပြန်ရင်နာစရာအကြောင်းတွေက
မင်းအတွက် ရီစရာ ပြဇာတ်တစ်ပုဒ်လား...။ ။

အချစ်ဆိုတာကိုတော့ အားနာမိပါရဲ့....
အတိတ်ကို ပြန်သတိတရနဲ့
သံသယတွေကို ခါထုတ်လိုက်တဲ့အခါ
ကျန်ခဲ့တာ...ဗလာ..။ ။
 
Romeo Soe
 

ဂုဏ်ပကာသန နှင့် မသက်ဆိုင်သောသူ

 
အခြေနေတွေကွာခြား
အဆင့်တန်းတွေဝေးကွာလွန်းတော့လဲ
ချစ်တယ်ဆိုတဲ့စကားကိုမျိုသိပ်
ရင်ထဲကအချစ်အတွက် တိတ်တိတ်လေးပဲနေတော့မယ်….

မင်းအနားရှိရင် ပျော်နေတတ်သလို
မင်းဘေးနားလာပြီး မင်းမျက်နှာလေးပဲ
ငေးမောကြည့်ပြီး တစ်ဘ၀လုံးစာ
ဖတ်ထားချင်နေမိတယ်…..

ငါမင်းကိုပဲ အရမ်းချစ်တယ်
မင်းကိုလွမ်းတဲ့နေ့တွေဆိုရင်
ငါမပြောနဲ့..ကောင်းကင်ကြီးတောင်ညိုမှိုင်းပြီး
မိုးစက်လေးတွေမျက်ရည်ဝဲတယ်……

မကြင်နာလို့ မခေါ်တဲ့မဟုတ်ပါဘူး
မချစ်ခဲ့လို့လဲ စွန့်လွတ်ခဲ့တာမဟုတ်ပါဘူး
ရင်ထဲမှာကြင်နာခြင်းတွေအပြည့်နဲ့ပါ
မပြည့်စုံတဲ့ ငါ့ဘ၀ကြောင့်
ချစ်ခြင်းတရားအပြည့်နဲ့စွန့်လွတ်ခဲ့တာပါ…..

ခြားနားခြင်း ကွဲပြားခြင်းဆိုတဲ့
ဂုဏ်ပကာသနတွေကိုအခြေခံတာကြောင့်
ငါနဲ့မင်းကို ဝေးစေခဲ့တာပါ
မပြည့်စုံတဲ့ငါ့ဘ၀ထဲကိုမလာပါနဲ့ချစ်သူ

ဒူးနေရာဒူး တော်နေရာတော်ဆိုတာရှိတယ်
ဖြတ်သန်းနေတဲ့ ဘ၀ခြင်းကွာခြားနေတာမို့
ငါ့နေရာမှာပဲငါရပါနေပါရစေ
ငါ့နေရာမှာပဲငါကြည့်နေပါရစေ
မင်းဘ၀ကို အနစ်မွန်းခံပြီးမလာခဲ့ပါနဲ့
နံချာလွန်းတဲ့ငါ့ဘ၀ထဲကို…..
 
Romeo Soe
 

အပြစ်မဲ့ အပြစ်သား

ရင် ရဲ့ ဘယ်ဘက်ခြမ်း ဟာ
အချစ် ရဲ့ သင်္ကေတ ဆိုရင်
ရင် ရဲ့ ညာ ဘက်ခြမ်း ဟာ
သတိရခြင်း ရဲ့ ချောက်ကမ်းပါး ဖြစ်လိမ့်မယ်

သူ့ အိပ်မက် တွေကို ခဏ ဖွက်ထားပေးပါ
ကျွန်တော့် လမ်း ကို ပန်းတွေ ခင်းထားရဦးမယ်

အတုံ့အလှည့် ကြည်နူးခဲ့ တဲ့
ဘ၀ ရဲ့ နွေဦး ပုံပြင်
ငါ့ရင် ကို ဘာအပြစ် နဲ့ ကားစင် တင်လိုက်ရတာလဲ

ငါ့ မှာ ခေါင်းဆယ်လုံး မရှိပါဘူး
နင့် အမိန့် နာခံတတ် တဲ့ အပြုံး တခုပဲရှိတယ်

ငါ့ မှာ နာကျည်းမှုတွေ မရှိပါဘူး
အတိတ် ကို တမ်းတ တတ်တဲ့ စိတ်တခုပဲ ရှိတယ်

ငါ့ မှာ ဟန်ဆောင်ကတိ တွေမရှိပါဘူး
လှုပ်မရအောင် ချည်နှောင်မိတဲ့ သံယောဇဉ် တွေပဲရှိတယ်

အကြိမ်ကြိမ် မက်မိတဲ့ အိပ်မက်ဆိုးတွေကြားမှာပဲ
သတိရခြင်း ရဲ့ ချောက် ကမ်းပါး ထဲ ခဏ ခဏ ကျတယ်
ငါ့ရင် ကို ဘာအပြစ် နဲ့ ကားစင် တင်လိုက်ရတာလဲ
 
Aung Pyae Mon
 

ဆန္ဒ

မင်းကိုချစ်တာ
တစ်ကိုယ်ကောင်းဆန်တဲ့ငါ့အတွက်
ငါ့ကိုငါမကြည့်ပဲ ချစ်မိသွားတယ်…။

မင်းကပြည့်စုံခြင်းပါ
ဘာမှမပိုင်ဆိုင်တဲ့
ငါ့အတွက်တော့….။

ခွဲမသွားပါနဲ့နော်
ရာသီတွေဘယ်လိုပြောင်းပြောင်း
အချိန်တွေဘယ်လိုဟောင်းဟောင်း…။

ငါတို့ အတူ
နောက်ဆုံးနေ၀င်ချိန်တွေကို
ထိုင်ကြည့်နေချင်တာ ငါ့ဆန္ဒပါ….။
Romeo Soe
 

ပေးဆပ်ချစ်သူ


မြူမှုန်တစ်ပွင့်နဲ့တင်
ရင်တစ်ခြမ်းကို ကမ်းမိတဲ့လက်
နောင်တကို စာလုံးမပေါင်းတော့ဘူး . .
အရှေ့ကို မျှော်မကြည့်ဖူးတဲ့ ငါ
မော်ကြည့်ဖို့တောင်
ငါ့ဆင်ခြေက င့ါကိုလက်ခံတော့ဘူး . . .

ဖြည့်ဆည်းခြင်းတွေနဲ့တင်
ရောင်ရဲတတ်တဲ့ နှလုံးသားက
ဦးနှောက်က သတိမေ့ရင်တောင်
အထိအတွေ့ကို ခွင့်မပြုခဲ့ဘူး . . .

ရိုးရှင်းစွာဆန်းကြယ်နေချင်တဲ့
ပစ်စလက်ခတ် အချစ်မှာ
ဘောင်တစ်ခုရှိနေမယ်ဆို
ရပ်တန့်ခြင်းနဲ့ အသက်ဝင်နေပါ့မယ်
ဆက်ရန်ဆိုတာ့  @ ရင်နင့်အောင်

မနက်ဖြန်တိုင်းအတွက်
သံယောဇဉ်တစ်စတိုးတယ်
ရက်စက်ဆိုးတဲ့ မိုးစက်တင်ဘာ
သူ့ မျက်နှာကို တံခါးပိတ်
ကော်ဖီစိတ်ကူးတောင် မယဉ်ခဲ့ရဘူးလေ့ 

အရှုံးအမြတ်မပါပဲ
ပေးဆပ်ခြင်းနဲ့ လျှောက်လှမ်းဦးမှာပဲ
ဝဋ်နာ ကံနာဆိုလဲ
နောက်ဘ၀အထိ ထမ်းပိုးသွားဦးမယ်
ချစ်ခြင်းပါလို့ ခေါင်းစဉ်တပ်မထားဘူ့း့ 

လိုချင်လျှင်လဲ ယူသွား
မလိုတော့လဲ ပြုံးပြပေးဦးမယ်
ငါ့သမိုင်းကို ငါကိုယ်တိုင်
ကဗ္ဗည်း ထိုးခဲ့တယ်
ချစ်သောသူအတွက်
အကောင်းဆုံး ဖန်တီးခဲ့တယ်ဆိုတာ့  ။ ။ @ ကေညို


ရင်နင့်အောင် & ကေညို

(၃ နှစ်လီ ခြောက် ၀မ်းလျားမှောက်၍ ၃ ပိုဒ်စီရေးကြသည်)
 
Khune Nyo Thway
 
 

မရေးပဲပြီးသောကဗျာ

တစ်ခါတစ်ရံ
စကားမပြောပဲနေတာကိုက
တစ်ခုခုပြောနေတာမို့လား။
ဥပမာ။ စိတ်ကောက်ကြောင်း။

တစ်ခါတစ်ရံ
မျက်စိမှိတ်ထားတာကိုက
ရှုခင်းတစ်ခုကိုကြည့်နေတာမို့လား
ဥပမာ။ အနက်ရောင်ရှုခင်း။

တစ်ခါတစ်ရံ
မကြားတာကမှ
အသံတစ်ခုမို့လား
ဥပမာ။ တိတ်ဆိတ်ခြင်း။

တစ်ခါတစ်ရံ
မရေးပဲထားတာကမှ
ကဗျာတစ်ပုဒ်မို့လား
ဥပမာ။ ဗလာခံစားမှု။

တစ်ခါတစ်ရံ
မတွေးပဲနေတာကမှ
တွေးနေခြင်းမို့လား။
ဥပမာ။လျစ်လျူရှုခြင်း။

တစ်ခါတစ်ရံ
ဘာမှမရှိတာကမှ
တစ်ခုခုရှိနေခြင်းမို့လား
ဥပမာ။ လေဟာနယ်။

တစ်ခါတစ်ရံ
မချစ်ပဲနေလိုက်တာကမှ
ချစ်နေခြင်းမို့လား။
ဥပမာ။ စွန့်လွှတ်ခြင်း။
သူမစိတ်မချမ်းသာမှာစိုးလို့လေ.....................

အောင်စည်သာ
2:23 pm
12.10.2012
Aung Sithar
 

I Miss You

"လူမူး နတ်မူး မူးစေ...သော်"

ထူးလည်းထူး မူးလည်းမူးသတဲ့
တို့ချို့ကပြောတယ် ငါမမူးဘူးတဲ့
အလကားညာနေတာ..

တစ်ခွက်သောက်တစ်ခွက်စာမူးတယ်
ခံနိုင်ရည်တော့ကွာတာပေါ့...
သိကြားနဲ့ အသူရာစစ်တွေခင်းတော့
အသူရာတွေမူးနေလို့ရှုံးသတဲ့...
အလကားနေရင်း နတ်သိက္ခာလိုက်ချနေတာ...

ငါသောက်တယ်
ငါမူးတယ်
ငါ့အပစ်နဲ့ငါ နက်ဖန်ခေါင်းကိုက်မယ်
ဝမ်းလည်းပျက်နိုင်တယ်...

ဒါပေမယ့်...တခုသိ
ငါ့အမူးဟာ မင်းကိုဘာမှမထိခိုက်ရင်
နှာခေါင်းလာမရှုံနဲ့...
ငါအပစ်လုပ်မိသူတွေကို အားနာတယ် တကယ်

မကောင်းဘူးဆိုတာသိ ရှောင်ဖို့ကြိုးစား
ဒါပေမယ့်...
ငါလိုလူ အထီးကျန်သူအဖို့...
ဖတ်ခေါ်သူက အပေါသားကလားဗျာ။ ။

(နှစ်ဆန်းနိုင်) 
Nitsan Naing
 

အရံလူ

သံယောဇဉ်နာရီအချို့ကို
အိပ်ငွေ့ချခဲ့ပြီလား . . ချစ်သူ . .
ပြောင်းလဲခြင်းကို သုံးသပ်ရင်းနဲ့
ခုချိန် အသားလေးချင်းထိမိရင်
တော်တော်ခါးမယ့် အရသာပေါ့ . . .

လက်တွေ့ဘ၀ကို အိပ်မက်ဖြစ်စေတဲ့
မင်းနှလုံးသားရဲ့ တန်ခိုးအောက်မှာ
့င့ါအချစ်ရဲ့တန်ဖိုးဆိုတာ
နောင်လာနောက်သားတွေအတွက်
ဥပမာအလင်္ကာတစ်ခုလိုပေါ့ . .

နွေကို အရည်ကျိုသောက်မယ့် ရင်တစ်ခြမ်း
ခုတော့ နေပြန်လှမ်းနေရတဲ့ မျှော်လင့်ချက်. . .
အကြင်နာမိုးစက် ခပ်အက်အက် . . .
နင်လွမ်းမယ့် ကမ္ဘာမှာ ငါဆိုတာအဝေး . .
ပျော်ရွှင်မယ်ဆိုရင်ပေါ့ . . .
အသဲတစ်ခြမ်းကိုတောင်
လွမ်းဖို့ မသိမ်းထားတော့ဘူး . .
အပြုံးတစ်ချက်တော့ ခြွေခဲ့ပေါ့ . . .
အသက်မပါတော့မယ့် တစ်သက်စာအတွက်လေ. . .

ဦးနှောက်ရဲ့ အချက်ပြသံကို
နှလုံးသားက မျက်ကွယ်ပြု . . .
နင့် နာရီတိုင်းကို အဖြူရောင်ခြယ်ခဲ့ပေမယ့်
ငါရင်မိုးအုံ့တဲ့အခါတိုင်း
နင်တခြားတစ်နေရာမှာ
ထီးတစ်လက်အရံသင့်နင်ဘေးမှာရှိခဲ့တယ်လေ. .

နင့်အတွက် . . အဖြည့်ခံတဲ့လား . . .
နားခါးပေမယ့် မက်မပြေဘူး . .
နင့်အတွက် ချုပ်ချယ်ခြင်းတဲ့လား . . .
ငါမကြားဖူးတဲ့ လေယူလေတိမ်းလေးပါလေ. . .
နင့်အတွက် . . ဘာလိုလဲ . .
ရိုးရိုးလေးပဲ ငါနင့်ကိုချစ်တယ်ကွာ . . . . .
 
Romeo Soe
 
 

မှာတမ်း

အထွေအထူးမပြောဘူး
ချစ်တယ်မို့လား
သည်းခံ
မြတ်နိုးတယ်မို့လား
ဂရုစိုက်
ပျော်စေချင်တယ်မို့လား
အ လိုလိုက်
စိတ်ချမ်းသာစေချင်တယ်မို့လား
အလျှော့ပေး
ပြသနာဖြစ်တယ်မို့လားနားလည်ပေးလိုက်
ဟုတ်ပြီနော်
အဲဒါဆိုမင်းချစ်လို့ရပြီ။

ဘာ
ကျွန်တော့်ဘက်ကဖြည့်ဆည်းပြီး
သူ့ဘက်ကကောဟုတ်လား
မင်းရထားတဲ့
ချစ်ခွင့်မြတ်နိုးခွင့် စတဲ့ခွင့်ခွင့်တွေက
သူ့ဘက်ကပေးတဲ့ မင်းအတွက်ဆုလာဒ်ပဲ။

ချစ်တယ်ဆိုတဲ့လူဟာ
အဲဒါတွေရနေရုံနဲ့ပြည့်ဆုံပါတယ်ကွာ
ငါတို့ကဘာမှမတောင်းပါဘူး
ငါတို့ကဖြည့်ဆည်းပေးပြီးကျေနပ်နေတာကို
သူတို့ကသာ သစ္စာဖောက်ဖောက်သွားတာဆိုးသကွာ။

အဲဒီအခါဘယ်သူ့မှအပြစ်မတင်နဲ့
အော်သူစိတ်ချမ်းသာရာလုပ်ခွင့်
ပေးလိုက်တယ်ဆိုပြီး ကျေနပ်လိုက်ပါတော့။

တွေ့လားကောင်လေး
သူတို့ကတို့ကိုခွင့်ပေါင်းများစွာပေးခဲ့တယ်
တို့ပေးရတဲ့အခွင့်ကတစ်ခုပါကွာ
မင်းဘာလို့ဝမ်းနည်းမလဲ
တကယ်ချစ်တဲ့သူဆိုတာ
အဲလိုခွင့်ပေးရတာကိုပဲ
တစ်သက်လုံးဂုဏ်ယူနေတာကွ။
မှတ်ထား။

အောင်စည်သာ
10:06 pm
11.10.2012
Aung Sithar
 

ထွက်မသွားပါနဲ့

 
ထွက်မသွားပါနဲ့တဲ့ .....
အနား ရှိနေတာတောင် အရေးမလုပ်တဲ့သူက
လောကရဲ့ ပျုငှာတဲ့ ဧည့်ဝတ်စကားတွေနဲ့
ငါ့ကိုလက်မခံချင်ပါနဲ့


ဒီနေရာ ဒီဒေသမှာခြေချမိသမျှ
ဒီရင်ခွင်က အလွမ်းတွေလဲ နာနေအုံးမှာပါ
အမှားကို မကြောက်လို့ ငါကိုယ်တိုင်
ဒူးထောက်ခဲ့ရတဲ့ နင့်ရင်ခွင်
နာနာ ကြင်ကြင် နင်ထပ်ပြီးဘာလုပ်ချင်သေးတာလဲ

ကာရံတွေ စုတ်ပြတ်နေတဲ့ " ကဗျာ "နဲ့
အလွမ်းသင့်တဲ့ " မျက်ဝန်း "
အတွေးတွေ ရိုက်ခတ်နေတဲ့ " ရင် "
မနာကြင်ပဲ နေပါ့မလား

ဒီမှာ ချစ်သူ ငါလိုကောင်က
ဗုဒ္ဓရဲ့ ဆုံးမ စကား မိဘရဲ့ မေတ္တာကိုတောင် ကျဉ်ပြီး
နင်ရင်ခွင်ကို ၀င်ချင်တဲ့ ငနဲပါ

မယုံကြည်တဲ့ အတွင်းစိတ်နဲ့
မဖြစ်နိုင်ဘူး တွေးမိတဲ့ နင့်ဦးနှောက်ကိုလဲ လေးစားတယ်
နင့်ကိုပဲ ချစ်တယ် ဘယ်သူကိုမှ မချစ်ပါဆိုပြီး
ကိုယ့်ကိုယ်ကို ခံယူမိတဲ့ နှလုံးသားကို ဂုဏ်ယူတယ်

ငါနင့်ကို မယုံကြည်တာမဟုတ်ပါဘူး
ငါနင့်ကိုထားတဲ့ ယုံကြည်မှုကို ကစားရင်း
ငါ့အချစ်ကို နွားခိုင်းခိုင်းမှတော့
ဒီစာသား မရိုင်းပဲနေမလား

နှုတ်ဆက်ကြပါစို့ ..............
နင်ပျိုးတဲ့ ဥယျဉ်မှာလဲ ငါပန်းမပွင့်ချင်တော့ဘူး ............
ငါအသက်ရှုရှိုက်တဲ့ လေထုတွေထဲမှာတောင်
နင့် ရနံ့ကို မလိုချင်တော့ဘူး ပျော်ရွှင်ပါစေချစ်သူ
  NN@
 
Naing Naing Dnc
 

လမ်းခွဲပညတ်

မင်းရဲ့အမုန်းကို ကမ္ဘာတစ်ခုလုံးဥပေက္ခာပြုတာထက်ပိုကြောက်ခဲ့ဖူးတယ်...

ရိတိတိအပြုံးနောက်ကွယ်မှာ ဘယ်လိုအငြိုးတွေကိုသုံးခဲ့သလဲ...

သံယောဇဉ်ယျာဉ်စွန်းတန်းကအတိမ်းစောင်းခံအလွမ်းတွေနဲ့လူ
အတ္တတွေပလူပျံအောင်နေရာယူခံခဲ့ရ..
နင်းချေကြေမွတဲ့အိပ်မက်အကျိုးတွေနဲ့ဘ၀ပါ..

အနေဝေးလို့စိမ်းလိုက်ရတယ်ဆိုတဲ့
လမ်းခွဲပညတ်ကိုအများနည်းတူသုံး
ချစ်ခဲ့ဖူးတဲ့စာမျက်နှာတွေမှိုတက်ပျက်သုဉ်းကုန်ပေါ့...

ကတိအထပ်ထပ်မှာကျိန်စာစွန်းသလိုမျှော်လင့်ခဲ့ဖူးရဲ့

နိဂုံးမှာအရှုံးနဲ့ကလာကာချဖို့
ကြိုတင်ကြံစည်ထားတဲ့အလွမ်းဇာတ်ထုတ်..
လွင့်စုတ်ခံမျှော်လင့်တိမ်မြူတွေမျော
ကံဆိုးတဲ့ငါ့အချစ်နယ်တကြောမှာ
မျက်ရည်မြစ်ဖျားတွေတောင်တိမ်ကောမတတ်......

အထီးကျန်ညနေတွေတိုင်း
စိတ်ကူးတွေ၇ှစ်ခွင်တိုင်းမှိုင်းတတ်လာတယ်..
အရိုင်းဆန်တဲ့အတိတ်ဒဏ်က
နာကျည်းခြင်းတွေလှိုင်းထန်စေခဲ့.....

ဝိုးတ၀ါးပုံတူရိပ်တွေ့မိတော့
တိတ်တဆိတ်ရင်ခုန်လှိုက်မော
နောက်ဆုံးတော့မောဟမီးတငွေ့ငွေ့..

တနေ့နေ့များဆုံတွေ့ဖြစ်ကြရင်
ခေါင်းငုံ့လှည့်ထွက်
ငါ့မျက်ရည်တစ်စက်တလေမှမင်းမမြင်စေရပါ...

မင်းချစ်ခြင်းမှာခြွင်းချက်တွေထား
သစ္စာကိုလိမ်လှည်လှည့်ဖျားထွက်ခဲ့...
အကြောင်းပြချက်အမှားတွေပေး..
အဲ့ဒါတွေကငါ့အတွက်သေဆေးဖြစ်စေတယ်...

သံယောဇဉ်လက်ကျန်နဲ့
မင်းစကားကိုလက်ခံတတ်အောင်နေခဲ့တယ်..
ငါ့အတွက်မနက်ဖြန်ဆိုတာ
ဒဏ်ရာနဲ့စ ဒဏ်ရာနဲ့ဆုံး..
ဒီလိုနဲ့နွေမိုးဆောင်းသုံးရာသီစလုံးကုန်စေတယ်...

မင်းကိုတော့မမုန်းပါဘူး..
ဒါပေမယ့်မင်းရဲ့သစ္စာမဲ့အပြုံးမှ
ငါ့အတိတ်နာတွေသွေးထွက်ကျရှုံးမှန်း
အဆုံးသတ်မရှိကြေကွဲခန်းကပုံဖော်တယ်...

ဦးဆွေးဆံမြေ့အလွမ်းတွေကို
သတိရမိတိုင်းပြော..
သူရူးတစ်ယောက်လိုလွင့်မျော
ချစ်ခြင်းမိုင်တိုင်မှာသေဆုံး..
နောက်ဆုံးနှုတ်ဆက်ချိန်အပြုံးကိ
တယုတငင်သိမ်းဆည်း..
သတိရတိုင်းလောင်ကျွမ်းတတ်တဲ့
ငါ့ရင်ထဲကမင်းပေးလိုက်တဲ့မီး.....။
 
Mg Yin Nga Tay
 

ဒွိ.....လမ်းဆုံ

ကမ္ဘာလောကကြီးတစ်ခုကိုရပ်တန့်နိုင်မယ်ဆို
ချစ်သူမင်းနဲ့ခွဲခွာရမယ့်အချိန်တွေကို
ခဏလောက်ဖြစ်ဖြစ်ရပ်တန့်ချင်မိတယ်.....

ငါကိုယ်တိုင်တူစုံလျှောက်တဲ့လမ်းဟာ
ငါ့အတွက်အချစ်တွေနဲ့ပျော်မြူးစေသလို
ငါ့တို့နှစ်ဦးအတွက်အလွမ်းတွေကိ
အစပျိုးတဲ့လမ်းဆုံတစ်ခုဖြစ်ခဲ့တယ်.....

တွေ့ဆုံဖို့လာတဲ့ခဏရင်ထဲမှာတော့
အပျော်မိုးတွေရွာနေတာမစဲပေမယ့်
အိမ်ပြန်ချိန်ဒီလမ်းမကြီးမှာတော
မုန်တိုင်းတွေထန်နေလိုက်ပုံများ
ငါ့တစ်ယောက်တည်းအတွက်
ကံဆိုးမှုတွေကိုတနင့်တပိုးသယ်ဆောင်လာတဲ့
ကွက်ကျားတိုက်တဲ့နာဂစ်လိုပါဘဲလား.....

အချစ်နဲ့အလွမ်းရောယှက်နေတဲ့ဒီလမ်းလေး
ချစ်သူလမ်းကြားဖြစ်ခဲ့ရသလို
အလွမ်းမြို့ရဲ့မုခ်ဦးလဲဖြစ်ခဲ့လေရဲ့.....

အသွားဆိုတာရှိခဲ့ရင်
အပြန်ဆိုတာရှိရမယ်ဆိုပေမယ့်
တစ်ခါတစ်လေတော့လဲ
ဒီလမ်းကြီးကိုဘဲငါအတ္တကြီးစွာနဲ့
ဖျက်ဆီးပြစ်ချင်မိနေပြန်တယ်.....

တစ်ခါတစ်လေတော့............
ငါတစ်ကိုယ်ကောင်းဆန်ချင်တယ်ချစ်သူရယ်

မင်းနဲ့ခွဲရတဲ့

အိမ်ပြန်ချိန်တွေကို ငါမုန်းချင်တယ်.....
ခွဲခွါချိန်တွေကို ငါမုန်းချင်တယ်....
နှုတ်ဆက်ချိန်တွေကို ငါမုန်းချင်တယ်.....
အလွမ်းရဲ့မုခ်ဦးကြီးကို ငါမုန်းချင်တယ်....
နာရီကိုတီထွင်ခဲ့တဲ့လူကြီးကို ငါမုန်းချင်တယ်....
အိမ်ပြန်စေချင်ကြတဲ့လူကြီးတွေကိုလဲ ငါမုန်းချင်တယ်....
မုန်းတယ်.....
မုန်းတယ်.....
မုန်းတယ်.....
ခဏလေးဖြစ်ဖြစ်မင်းနဲ့ခွဲဖို့ဖန်လာတဲ့
အကြောင်းအရာတွေအားလုံးကိုငါမုန်းတယ်
ငါအတ္တကြီးခဲ့တာဆိုခဲ့ရင်တောင်
မင်းကိုသိပ်ချစ်လို့ဆိုတာလောက်တော့
နားလည်ပေးပါနော်ချစ်သူ..........
 
ကို မျိုး
 

နှစ်ဖက်ချွှန်

(“အမလေး... အနိုင့်ရဲ့ သားလေးရယ် .. ဟင့် .. ဟင့် .. အနိုင်..ကိုထားခဲ့ပြီးလား . . သားလေးရဲ့..ရွှတ်. . .
အနိုင့်ကို . . .နောက်အပတ်..အဟင့်ဟင့် .တွေ့မယ်ဆို . အဟင့် ဟင့် .. ရွတ် .ဖွတ် . .. .ဟီး..ဟီး...ဟီး ..”)

လိုကေရှင်းကတော့ သိပ်မလန်းပေမယ့် အထာကျသယောင်ရှိတဲ့ ရင်နင့်သူရရဲ့ ဈာပနမှာ . .. . . သူငယ်တွေကို
အသာတကြည်ကိုင်တယ်ဆိုပြီး နာမည်ရနေတဲ့ မာမီနိုင်ရဲ့ ငိုသံဟာ အာသုဘ မဏ္ဍပ်ထဲမှာ တစ်ချက်မစဲ
ဝက်ဝက်ကွဲနေလေရဲ့ ( သူခံစားရရှာသကိုး..) ..

““ ဟဲ့ ... ကောင်မ .. ညည်းတော်ရုံကောင်းတယ်အေ..
ညည်းက ..ညည်းလင်ဆိုပြီး .. မဏ္ဍပ်တိုင်တတ်မနေ့ နဲ့ . . . ကျုပ်ကလဲ . . ရင်နင့်လေးရဲ့ . . . .
ပြီးခဲ့တဲ့ တစ်ပတ်လုံး . . ရက်မပြတ်. . ပတ်သက်ခဲ့တာပါအေ. .. ဟွန်း.. . . မိန်းမ လွန်ကိုလွန်လွန်းတယ် ””
ကန်တော်လေးက နာမည်ကြီး မာမီနတ်ဆိုး က နှုတ်သီးကောင်းလျှာပါး. . ၀င်ခွပ်လေရဲ့ . . .
“ ဒီမှာ နတ်စုတ်မ . . .ညည်းလို ချယ်လ်ဆီးက အက်ရှလေကိုး ရုပ်နဲ့ .. နတ်ကတော်လုပ်နေတာမဟုတ်ဖူး . . မှတ်ထား . . ဒီမှာကြည့် ဆိုဒ်နဲ့ဂိုက်နဲ့ လုပ်စားတာ . . .ကြွက်စုပ်ရုပ်နဲ့ .. ဟွန်း . . တစ်ချက်အုပ်မှ . .. ဖက်ထုပ်ဖြစ်သွားမယ်..”

ဆိုပြီး တင်အတု ကို အဆမတန်ကောက်ကာ ရင်ထုပြီး လင်လုမယ့်ဟန်လေးအပြည့်နဲ့ ရန်တွေ့လေရဲ့ . . .
ထိုအချိန်မှာပဲ . . . ဆိုက်ကနက် တစ်စီး ဈာပန အခမ်းအနားရှေ့မှာ .. “ ကျီ” ခနဲ့ ထိုးအရပ် ၊ လည်းကောင်း
ကားနောက်မှ ဆက်တိုက် ဆိုသလိုပဲ TAXI တစ်စီး နှင့် ရွှေငါး မတ်တူးလေး တစ်စီး ပြိုင်တူ ဘရိတ်သံတွေ
ဆူညံသွားလေသည်။. .

ပထမဆုံး ဆိုက်ကနက်ပေါ်မှာဆင်းလာတဲ့ အမျိုးသမီးကြီးတစ်ယောက် . ..
အရပ်မနိမ့်မမြှင့်နဲ့ အကျီင်္ပုခုံးနှစ်ဖက်ကို လေယာဉ်ပျံတောင်ပံပုံစံနဲ့ ရင်ဘတ်က စီးကွင့်စ်ကို လေယာဉ်ပန်ကာပုံ ဒီဇိုင်းထွင်ပြီး ၀တ်ဆင်လာတဲ့ မာမီမိုးည . . . . .။

ဒုတိယ . . TAXI ပေါ်မှာ တစ်ယောက်ကတော့ ၀တစ်တစ်ခန္ဒာကိုယ်နှင့်လိုက်ဖက်သော ဂါဝန်ရှည်ကြီးကို
ကြယ်ပုံစံ စတေကာလေးတွေအပြည်ကပ်ကာ တစ်ကိုယ်လုံး လင်းလက်နေသည့် မာမီ ရိုမီရို ..
(ကြယ် တော်တော်ကြိုက်ပုံရတယ် ထင်ရဲ့ . . . .. ) ဆံပင်ရွှေဝါရောင်ရှည်ရှည်ကို ၀ဲကနဲ ခါထုတ်ပြီး
တင်လုံးကြီးကြီးကို ဆင်မယဉ်သာ လျှောက်လှမ်းရင်းနဲ့ တစ်လောကလုံးကို မျက်လုံးတစ်ချက်ဝင့်ပြီး
မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်နေလိုက်ပုံများ . . . မြင်သမျှ ပုရိသတို့အသည်းတွေ ကြွေကျကာ
မြေခလောက်ရဲ့ . .
( ကြွေစရာကလဲ အခမ်းအနားတစ်ခုလုံးမှာ ပုရိသစစ်စစ်ဆိုလို့ ခွေးတစ်ကောင်ကြောင်တစ်မြှီးတောင် မရှိမှကိုး ) . . . .

တတိယ . . .ရွှေငါး ပေါ်မှာဆင်းလာသူကတော့ . . ရှည်လျားသောအရပ်အမောင်းနှင့်လိုက်ဖက်အောင်
စကတ်တိုကို ပေါင်ပေါ်အောင်ဝတ်ထားပြီး ခြေသလုံး မွေးကျိုးတို့ကျဲတဲနဲ့ မာမီ အေမီ ပါပဲ. . .
သူကလည်း အားကျမခံ အမျိုးသမီးများ ထမိန်စွန်တောင်ဆွဲသလို သူဝတ်ထားတဲ့ တစ်ပေခန့် စကတ်တိုကို
စွန်တောင်ဆွဲလိုက်လေရဲ့ . . . . အဲ့နေရာမှ ဘယ်ကမှန်မသိတဲ့ ဖုန်းရဲ့ဖလက်တစ်ချက်ပွင့်သွားလေရဲ့ . . .
(ဒီနေ့တော့ ဖေ့ဘုတ်မှာ ပုလွေရိုးတစ်ယောက်ကြောင့် အသေရေညိုးမှာမြင်ယောင်သေးရဲူ့. . .. . )

မာမီမိုးညက ....
“ နေသူလေးရယ်. . . တို့ဘယ်လို ဖြေရမလဲ . . အဟင့်ဟင့် . .ငါတော့မေ့လို့မရတော့ဘူး . .
င့ါတော့မေ့လို့မရတော့ဘူး . .. အဟင့် . . ၇ွှတ် . ဖွတ်.”
ငိုသံပင်မဆုံးလိုက်ချေ. . မာမီ အေမီက . . . .
“ ဟဲ့. . မယောင်ရာဆီလူး . . အဆီဗူးမ . . . သူသူလေးနာမည်က . .နေသူမဟုတ်ဖူးဟဲ့ . . .ကောင်မရဲ့. . .
သူသူလေးနာမည်က .. ရင်နင့်သူ.. မှတ်ထား . . ဟွန်း..ကောင်မတွေ. . အပြောလိုက်ချင်းဘူး . . .
မည်းမည်းမြင်ရင် ၀င်စီချင်ကြတယ် . .. ကိုယ်ပစ္စည်းလားမသိ . . သူများ ပစ္စည်းလားမသိ . . . ဟောင်းလောင်းဆို အောင်းချင်နေကြတယ် . .ဟုတ်လား . . .”
ဆိုပြီး နှုတ်ခမ်းတလန် ပန်းမလန် လန်အောင် စကတ်စွန်ထောင်ဆွဲပြီး
သားစိတ် မယားစိတ်ကုန်အောင် ရန်တွေ့လေရဲ့ . . . .
မာမီ မိုးည ခမြာလည်း ကိုယ်ဖင်ခု ထိုင်ထားတာ သခွားသီးလား မသိ ကြက်ဟင်းခါးသီးလားမသိ ဖြစ်နေတဲ့ မတင်မကျမျက်နှာပေးလေးနဲ့ ...

“ အေမီမ ဖြည်းဖြည်းပြောလဲရတယ် . . ဘာမှ . .ဒီလောက်ပြောစရာမလိုဘူးအေ. .. ညည်းလဲ . .
ဒီပုပ်ထဲက ဒီပဲ.ပဲ လာပြောမနေနဲ့ . .ကျုပ်မခံနိုင်ရင်..ညည်းမလွယ်ဘူးနော်. . . . ”
ဟုအဆို တစ်ချိန်လုံးငြိမ်နေတဲ့ မာမီ ရိုမီရိုက ဓါတ်ဆီဝင်လောင်းတယ် . .
“ မခံနိုင်လည်း ပြန်ပေါ့အေ . . ခံနိုင်တဲ့နေ့ ..ပြန်လာခဲ့ပေါ့ .ဟုတ်တယ်မို့လား ... အေမီရယ်....””
မာမီမိုးည ရေလည်တင်းသွားသည်. .
” ဟဲ့ . .၇ိုမီရိုမ ညည်းစကားဆင်ချင်ပြောနော် . .. ဟွန်း . . .ညည်းလေ...ဟို..ဆိုက္ကားသမားကြီး ဦးအောင်ပြည့်မွန်နဲ့လေ ကိုယ့်အဖေလောက်ကြီးနဲ့. . . ဖြစ်နေတာ .. တိတ်တိတ်ပုန်းညားနေတာလေ . .. ငါမပြောလိုက်ချင်ဘူး . .. ဟွန်း .. ငါဖွမှာနော် .. ကောင်မ. . ကိုယ်အညှာနဲ့ ကိုယ်နေစမ်းပါအေ....
အညှာလွယ်ချင်လွယ်ပေါ့ဟယ် ..သူများအညှာကို . .မကလိနဲ့ ကျူပ်လည်း သူများအညှာကို ..ကိုင်ချင်ပါဘူးအေ. . . .ဆင်ချင်နေဒါဘဲ .” .
ဆိုပြီးစကားစဖြတ်လိုက်လေရဲ့. . .

** ((ကြော်ငြာဝင်ဦးမယ်ဆိုရင် . . .ဆုံးသွားတဲ့ကောင်လေးကလဲ ရုပ်ရုပကာ ဘာမှကိုပြောစရာမှရှိဘူး . .
ကိုရီးယားမင်းသား ရိန်းဆိုလား နဲ့ခင်ဆင်ဆင်ရယ် သူက ရုပ်ချောတော့လဲ မြာပွေတယ်ပေါ့လေ . .
ရိုးရိုမြာတွေတော့မဟုတ်ဖူး မိုးကြိုးပစ်ထားတဲ့ငှက်ငယ်လေးတွေနဲ့မှ သူကပွေတာ ခုတော့ အသွားမတော်တစ်လှမ်း
အစားမတော် တစ်လုတ် လည်လွန်းတဲ့ဘိန်း ဆိုတော့လည်း အေ ကိုက်တော့တာပေါ့လေ. . .။))***

““ ဒီမှာဟေ့ . .ဒီနေ့ . .သားလေး အာသုဘ စရိတ်ငါ ခံမယ်ဟေ့ ... အားလုံး.. တပြားမှစိုက်စရာမလိုဘူး...
ရှင်းတယ်နော် . . .””
မာမီ အေမီရဲ့ အသံ ဆုံးတာနဲ့ မာမီ ရိုမီရိုက တစ်စခန်းထတယ် . .

“ ရှင်ဟာရှင်ခံနိုင်လို့ခံတာ ခံပေါ့ . .ကျုပ်လည်း ကျုပ်နိုင်သလောက်ဝင်ခံမှာပဲ . . .တကတည်းတော်. .. အသုဘကို ..သူက..လာပြီး ဟွန်. . .လက်ဝါးကြိးလာအုပ်နေတယ် . . အုပ်ချင်ရင် ဒီမှာလာအုပ်ဟေ့ . .
ဒီမှာက .. မှည့်ချင်နေတာ . . မပြောလိုက်ချင်ဘူး . . ”
ဟုဆိုပြီး ခြေစောင့်ပြလေရဲ့ . .

“ မရဘူးဟေ့ . မရဘူးဟေ့ ... မရဘူးဆိုမရဘူးပဲ . ..
ကလေးကို .. စား၊ ၀တ်၊ နေ၊ ရေး အားလုံး ..ကို. . . ကလေးမဆုံးခင်ကတည်းက . . မာမီဆိုးဆိုတဲ့
ကျွန်မ နတ်ဆိုးဆိုတဲ့ ဒီဟာမ က တာဝန်ယူတာပါတော့ .. အမလေး..လေး.. ခုမှ . . .
ဂေါ်ရာခါးသီးရှည်မှ... အရီးတော်ချင်ကြတယ် . .. အကုန်ပါးရှစ်စိတ်ကွဲသွားမယ်. . . ဘာမှတ်နေလဲ . .
နတ်ဆိုးမတဲ့နော် ..ကန်တော်လေးထဲမှာ . . ကလေးကစ ခွေးအဆုံး . .. မပတ်သက်ဘူးတာမရှိဘူး..ဟွန်း..””

““ တွေ့လား ..သွားမလုပ်နဲ့သူက .. ခွေးကစ ..မချန်ဘူးတဲ့ . . ညည်းသွားပုန်းရင်ပုန်းနေပါလား . . ” ...
“ဘာ!!” . .
မာမီ မိုးညရဲ့ စကားကို တစ်ချိန်းလုံးငြိမ်နေတဲ့ မာမီနိုင်ရဲ့ ဒေါသကို စမန်ထသွားစေရဲ့ . .

““ ဒီမှာ မိုးညမ . . .ညည်းကခွေးနဲ့နှိုင်းတာပေါ့လေ .. ဟုတ်လား . .ကျုပ်ကို . . . .” ဆိုပြီး ပိုက်ဆံအိတ်ထဲမှာ . .
သခွားသီးကို ထုတ်ပြီး ရိုက်မယ်အလုပ်မှာပဲ . .
““ ကလင် . .ကလင် ..ကလင်..ကလင်”
အိမ်ရှေ့တည့်တည့်ကို ဆိုက္ကားတစ်စီး အရှိန်နဲ့ တစ်ဟုန်ထိုးဝင်လာကာ “ ဒုန်း” ဆိုပြီး လှေကားရင်းကို တိုက်ပြီးအရပ် .အခြောက်မတွေအားလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားပါသည်။ တိတ်မှာပေါ..
ဝင်လာခဲ့လူပုံစံက ပုဆိုးကတိုတို ခမောက်ကို စိုက်စိုက်စောင့်း နှုမ်ခမ်းမွေးက တစ်စွန်းတစ်စ . . အထင်ကြည့်ရတာ
ဗိုလ်အောင်ဒင် .. ပေါ်တာဆွဲခံရပြီးပြန်လွတ်လာပုံပဲ. . . .
“ ခွပ်..ခွပ် ..ခွပ်””
ဆိုပြီး ခုံဖိနပ်သံ ပေးလျှက်
တစ်လောကလုံးကိုရှိတယ်လို့ကိုမထင်နဲ့ ပုံစံနဲ အလောင်းပေးမှာ ထိုင်ချလိုက်လေရဲ့ .
.““ ကျလိ . ကျလိ”” အံကြိတ်သံသဲ့သဲ့..
ထို့နောက် “ ဟူး” သက်ပြင်းတစ်ချက် ..

ပြီးတော့ “ ရွှတ်” ဆိုတဲ့ နာချီးရှိုက်သံ..နောက်ဆုံး . .
“တောက်” တောက်ခတ်သံတစ်ချက်..
နောက် . . . . . . . . . .
““ ရင်နင့်.. ရင်နင့်.. တို့ခေါ်တာမကြားတော့ဘူးလားလို့ .. .မာမီမျိုးလေ...မင်းလုပ်သမျှ .. မင်းတောင်းသမျှ..မင်းဒုက္ခပေးသမျှ...ရင်စီးခံရင်း...ခုတော့ ... ဆိုက္ကားပါထွက်နင်းနေရပြီလေ... မင်းမြင်လှည့်ပါဦး..အဟီးအဟီး ဟီး.ဟီ..ဟီး..ဟီး... TAXI တစ်စင်းလည်း ..အဟင့်.. မင်းမာဆတ်ကအကြွေးတွေမရှင်းနိုင်လို့ဆိုပြီး . .တို့ရှင်းလိုက်ရတယ်လေ... မင်းမမ မာမီမျိုးအဖြစ်ကို
မြင်လှည့်ပါဦး ..ကွယ် အဟီး..ဟီး..ဟီး..ဟီး....””
.(မိန်းမရှာအသည်းတွေများ တယ်နုသကိုး .. ။) မာမီးမျိုးဆိုတဲ့ဟာကြီး ငိုသံနည်းနည်းစဲမှ . .

“ ရွံစရာကြီးဟယ်.. သူလိုရုပ်နဲ့သာအခြောက်လုပ်ရင် . .. အမှိုက်ကောက်တဲ့ ဟိန်းလေး တောင်
ကပ်မှာမဟုတ်ဖူး . . . ””
““ ကလေးကတော့ပူစာမှာပဲလေ... သူဟာသူ ကိုယ့်ဇာတ်ကိုယ်မနိုင်တာ ခံပေ့စေ..ကလေးအပြစ်မရှိ.““
“ဒါပေမယ့်..သနားပါတယ်...ဟယ်” . ..
“ရင်နင့်လေးကတော့ လုပ်လိုက်မှဖြင့် အဆန်းကြီးပဲ...ကလေးပဲဟာ . .”
“ ငွေမရှိပဲ ..သူငယ်ထောင်ချင်ဦးဟဲ့...အဲ့ဒါမှတ်ပလား..ဟွန်း““

.. ဆိုပြီး ဂရုနှာ ( ဏာ မဟုတ်ပါ) သံ တွေညံနေလေရော..မာမီမျိုးကတော့
အလောင်းဘေးမခွာပဲ ... ဆောန၀တ်လာတဲ့ ပုဆိုးတိုတိုကို ခုမှအားတက်သွားသလို
ထမိန်ပုံစံ ပြင်ပြီး ထ၀တ်လိုက်သေးရဲ့. . . ပြီးတော့ဆက်ငိုမယ်ကြံကာရှိသေး ..
ဝရုန်းသုံးကားနှင့် ရပ်ကွက်ထဲ အလှပြင်ဆိုင်မှာ မာမီစိုးမင်းထွန်းက မဏ္ဍပ်ထဲပြေးဝင်လာပြီး
““ .. ဟဲ့..ဟဲ့.. ကောင်မတွေ..ကောင်မတွေ..အလွမ်းသည်တာလဲသည်ပေါ့ဟဲ့...
ဟိုမှာ .. ဟိုလေဟယ်. . .. မြောက်ဒဂုံကလေ .. နတ်ကတော် ရွက်စိမ်း..လေသိလား.. သိကြလား....
မျက်မှန်နဲ့ ခြောက်တာ နာတို့အဖွဲ့မှာသူပဲရှိတယ်လေဟယ်...မှတ်မိလား . . ”” ..
မာမီမိုးညက ”” သိတယ်လေ. .. အဲ့ကောင်မ မြောက်ဥက္ကလာအ၀ိုင်းက အမြဲပတ်ပြန်နေကျ ..သူအကြောင်းမသိမှတ်လို့ . . သူက .. အကိတ်ကြိုက်လေ.. မြောက်ဘိ ကဟာတွေ လန်းတယ်ထင်နေတာ .. ဟွန်း ..ပြောစမ်းပါဦး . .အဲ့ကောင်မ ဘာဖြစ်လို့လဲဟဲ့ . မထိတ်သာမလန့်သာရှိလိုက်တာဟယ် ...တကတည်းမှပဲ ..ညည်းကလဲ ...”” .
ထို့နောက်မာမီစိုးမင်းထွန်းက.. ““တကတည်းမလုပ်နဲ့. . .ရင်နင့်လေးနဲ့ သူနဲ့က ဒဂုံကိုအတူတူပြန်ကျလေ ..ညဘက်တွေ . .ငါတို့ကတော့ စိတ်ချပြီး ယုံလို့ထည့်လိုက်တာ..ရင်နင့်လေးကလည်းအဲ့လောက်ရုပ်ဆိုးရင်
စိတ် မပါလောက်ပါဘူးအထင်နဲ့ပေါ့ အခုတော့ တိတ်တိတ်ပုန်းငြိနေတယ်လေ ...အဲ့ကောင်မနဲ့ . .””

မာမီနတ်ဆိုးကမခံချိမခံသာလေသံဖြင့်
““ ဟေ့..ဟေ့..ရင်နင့်လေးကို မတရားမပြောနဲ့ဟိုကောင်မ ဆေးခတ်လို့ နေပါလိမ့်မယ်အေ. .ကလေးက ဘာမှမသိသေးလို့ .. ငါတောင်သင်ပေးနေရတယ်..နင်ပြောချင်ရင်. . ဟိုဟာမကိုပြော...ငါ.. သားလေးကို မထိနဲ့...ဟွန်း””

ထိုအခါမာမီစိုးမင်းထွန်းကလည်း
““ ဒီမှာ ..ကောင်မ ..နင်ချစ်သလို..ငါလည်းချစ်တာပဲနော်....မသိပဲဂွင်ကျော်တာကို တင်းတာဟေ့..တင်းတယ်.. တင်းတယ်..တင်းတယ်...တင်းတယ်ဟေ့ . ယစ်..ယစ် .ယစ်.””
ဆိုပြီးအေသင်ချိုဆွေ ပုံစံ သုံးချက်လောက်တွတ်ဆွဲပြီးစကားဆက်တယ်. . .
“ နင်ပြောသလိုသွားပြောရအောင်... ဟို နတ်ကတော်ရွက်စိမ်းက . . .ရင်နင့်သတင်းကို
ကြားကြားချင်းပဲ . .. . ဖြစ်ရလေကွယ်ဆိုပြီး . . တစ်ခါတည်း . .တက်သွားလိုက်တာ . .အခုဆေးရုံမှာ . . .
အိုဗီမင် တိုက်မှ ငြိမ်သွားတယ်ဟဲ့...တည့်လို့ထင်တယ်...အဲ့ကောင်မ””
”” ဟယ်..ဟုတ်ပါ့မလား”” ..
“မသာမ ..ဟန်ဆောင်တာပါအေ..တို့လောက်မချစ်ပါဘူး..” ...
“ သူ့ တဏှာကသူ့ကို ဒုက္ခပြန်ပေးတာပါလား ”
““သေပလေ့စေ” . .. “
”လင်ခိုးမ လုပ်ချင်အုံး..အဲ့ဒါ”

”” ဖြစ်မှအေးတယ်” .
အဲ့လို မေတ္တာသံတွေ ဆူညံနေဆဲ အချိန်တွင်

““ တောင်..တောင်..တောင်..” ..
“အမလေး”... “ဟဲ့..လန့်လိုက်တာ”” .. “ဘာလဲဟဲ့” ..
အကုန်လန့်ဖြန့်သွားတဲ့အသံတစ်ခု ..နောက်ပြီး မာမီ စိုးမင်းထွန်းရဲ့အသံ
““မကြောက်ကြပါနဲ့ကွယ် ဒါက .. တို့ ရိန်းတုန်းထည့်ထားတာလေ.. မကြိုက်ဖူး လား..တောင်...တောင်..
.တောင်...နဲ့ဘယ်လောက်နာဝင်ချိုလိုက်လဲ.. ညည်းတို့လိုမျိုးတော့..မိန်းမနောက်ပိုးသီချင်းတွေတော့ ..ကြိုက်ပါဘူးအေ...””
ဟုဆ၇ာကြီးလေသံနဲ့ နတ်သံနှောလို့ပြောလေရဲ့...ကျန်တဲ့သူတွေက ””င့ါဖုန်းထဲထည့်ပေးပါဟယ်..နော်..အစိုးနော်””.....
“ဟေ့..ငါလည်းထည့်ပေး” ..

“ ဒီကိုလည်းထည့်နော်..မရဘူး..ငိုလိုက်မှာပဲ..မထည့်လို့ကတော့ .””

“ထည့်ဆိုထည့်ပဲဟေ့နော်..ဒီမှာ..ရော့..””
““ထည့်...ထည့်”

““အားလုံးငြိမ်စမ်း”” မာမီစိုးမင်းထွန်းအသံ
“ဒီမှာ..ဖုန်းလာတယ် .. ခဏလေး..ပြောဦးမယ်..ဘယ်လိုဖြစ်နေကြလဲ
တောက်..ဘာတန်းမီးလောင်သလိုဖြစ်နေကြတယ် ..ခဏနေစမ်း..ဒီမှာဖုန်းပြောမလို့ ”” ဟုဆိုတော့
လိုချင်တာလေးရှိတော့ အားလုံး ငြိမ်သွားကြပါလေရော . .
“““ ဟယ်....လို.. ဘယ်သူပါလဲရှင်. . .”” ..
  ““ ဟုတ်ကဲ့ ..ကျွန်တော် ဆရာဝန်တစ်ယောက်ပါ”” . . .
  ““ ဘာ !! ဖရီးမစ် ရောင်းနေတာလား...၀ယ်ဘူးတော်ရေ.. ကန်တော့ပါသေးရဲ့ ..ဟင်း..ဟင်း..ဟင်း.. ”” ...
.““ ဘာဗျ ..ဘယ်သူကဆေးရောင်းနေလို့လဲ .. စကားဆုံးအောင်နားထောင်စမ်းပါ...ကျွန်တော်က .

.နေပြည်တော်က.. နာမည်က ဒေါက်တာအလောင်းစည်သူဝေလင်းပါ ... ရင်နင့်သူရနဲ့စကား
ပြောချင်လို့ပါ. .. သူ့ဖုန်းနံပါတ်မေ့နေလို့ ..အဲ့ဒါ..သူတစ်ခါပေးဖူးတဲ့ ...သူဦးလေး..ဖုန်းဆိုလို့...လှမ်းဆက်လိုက်တာပါ .. သူနေမကောင်းဘူးပြောတယ် ..ကျွန်တော်သူ့သူငယ်ချင်းပါ..ဒါနဲ့ ..ခင်ဗျားက..ဘယ်သူလဲ...သူ့ အစ်ကိုလား..ညီလား...ဦးလေးလား...? ““

““ ဘာ...ဘာမှကိုမဟုတ်ဖူး...သူ့ချစ်သူလေ..သူချစ်သူပေါ့...ရင်နင့်ရဲ့ချစ်သူပေါ့ကွယ်...မောင်လေးရယ်..
ဟင်း..ဟင်း...အံသြသွားလားကွယ်..ဟင်းဟင်းဟင်း..ဟင်း....ဟင်း....ဟင်း....””
““ဘာ!!!!! ခင်ဗျားက ...ခင်ဗျားက....ခင်ဗျား....ဒီမှာ.တောက် !!.မထူးတော့ဘူးအေ ...ဒီမှာ.ကောင်မ..နင်က ..ရင်နင့် .. ချစ်သူပြောရအောင် နင့်မှာဘာအထောက်အထားရှိလဲ...ဖုန်းထဲမှာမို့နော် ကောင်မ..အပြင်မှာဆို ...ဖိနပ်ချီးသုတ်ပြီး၇ိုက်တယ်...ဟဲ့ .. ရင်နင့်က . င့ါလင်ဟဲ့...င့ါလင်...လင်ခိုးမရဲ့.... အမလေးလေး...အဟုတ်မှတ်လို့..ကြည့်စမ်း...၇န်ကုန်ကအခြောက်မတွေ ကမြင်းကျောထချက်က..
သူများလင်မှန်းမသိ...ကိုယ့်လင်မှန်းမသိ....ကြောက်စရာကောင်းလိုက်ကြ...ကြောက်စရာကောင်းလိုက်ကြ...
အမလေး..လေး..အမလေး..လေး..““

””““ အမ်...နင်လည်း... မိန်းမလျာပါလား.. ဒါနဲ့များလူကို....ဟေ့.....ဒီမှာ ဒေါက်တာအခြောက်မ ..ညည်းလင်ပဲဖြစ်ဖြစ်ကျုပ်လင်ပဲဖြစ်ဖြစ်...နင်ပြောတဲ့ နင့်ချစ်သူ ရင်နင့်သူရက မာလကီးယားသွားပြီ ..နော်...ဘယ်သူမှလင်တော်လို့မရဘူ..ဒီမှာ ..ညည်းလို.ကျုပ်လို ..ဘ၀တူပတ်သက်ရာပတ်သက်ကြောင်းတွေ..
မန်စီးတီး တစ်သင်းစာ..မကဘူး...ရှင်းလား...ဒီမှာအများကြီးပဲ...ဟွန်း...ခုမှ..
 ထီလက်မှတ်လာပြနေသေးတယ်..အပုန်းမက ..ဟွန်း””

”“ ဟင် !! တကယ်လားဟင်.. တကယ်ဆုံးသွားတာလား...အမလေးလေးလေး...သွားပါပြီ.တော်ရယ်..
ခဲလေသမျှ.သဲရေကျရပြီပေါ့..မောင်ရယ်..မောင်ရယ်... ရန်ကုန်လေးခဏလာပြီး...အဖြစ်သည်းလို့
ချစ်ပွဲလေးများဝင်ရမလားလို့...ခုတော့...အမလေး..လေး..လေး...အစည့် ရင်တွေ ကွဲရပြီပေါ့..ကလေးရယ်..
အမလေး..လေး...ဂိ...ဂိ..ဂိ..ဂိ””

““ဘာဖြစ်တာလဲဟဲ့ ””

”...............”
““ ဟဲ့...ဘာဖြစ်သွားတာလဲလို့ ...ဟဲ့သေပလားဟဲ့ ””

”..........”
““ဒါဆိုဖုန်းချလိုက်တော့မယ်နော်..ဘိုင်ဘိုင်””

““.......”
တစ်ဖက်ကအသံမလာတော့လည်း .. မာမီစိုးမင်းထွန်းတစ်ယောက်..သူ့ဘော်ဘော်တွေဘက်လှည့်ပြီး...
”ဘာမှမဟုတ်ပါဘူးအေ.. စပ်စလူးနတ်ဖူးနေတဲ့ ဒေါက်တာအခြောက်မတစ်ယောက် ..နတ်ပြည်ပို့လိုက်တာ..
အဟိ...””

“နင်ကအော်ကျယ်အောက်ကျယ်ဆိုတော့ငါတို့က ဘာများဖြစ်လဲလို့ ..တကတည်း..”” မာမီမိုးညက စိုးရိမ်စိတ်နဲ့ပြောရှာသေး.. အင်းပေါ့လေ အခြောက်ချင်းကြတော့ ဝေစားမျှစားတွေဆိုတော့ ရိုင်းပင်းကြတာပေါ့....

ထိုစဉ်ခဏမှာပဲ . .. . .
“ ကျီ .. ကျလိ...ကျည်...ကျည်...ဂလုတ်..ဂုတ်...”
အလောင်တင်ထားသော စင်မှာ ထူးဆန်းစွာ လှုပ်လာလေရဲ့
“ ကျီ .. ကျလိ...ကျည်...ကျည်...ဂလုတ်..ဂုတ်...”

” အမလေး..သရဲ..သရဲ..သရဲ ””
“မွေးမေ့လေ့...သရဲဟ ..”
““ဟယ်တော်..စောက်ကျိုးနည်း””
“ဘုရားရေ..ကယ်ပါ..”
““ ဂစ်...ဂစ်...ဂစ်” (တက်သံ)
““ အမလေး.ပြေးပြီဟေ့”
အသံတွေပွက်လောရိုက် မေ့သူမေ့...ပြေးသူပြေး...ပုန်းသူပုန်း....ကွယ်သူကွယ်...နဲ့...အလောင်းဘေးမှာ
စောနကချစ်လှစွာသောဟုဆိုသော အခြောက်တစ်သိုက် ပျောက်ခြင်းမလှ ပျောက်လေရဲ့...
“ဇ“ ရှိသူတို့ကလည်း ပုန်းတဲ့နေရာမှ ခေါင်းလေးတင် .. မျက်လုံလေးပေကလပ်ကလပ် ... နားလေးလှုပ်လှုပ်နဲ့
စပ်စုနေလေရဲ့..ဘာများဖြစ်မလဲပေါ့......

ထိုစဉ်အသံ...ထိုအသံ...ဖုန်းမှမြည်သောအသံ...အလောင်း၏ အိတ်ကပ်ထဲမှအသံ . .. !!!
♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪

ဖုန်းရိန်းတုံး က အဲ့နားတင် ပတ်လာနေပါတယ်...

♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪
♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪
♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪
((အေသင်ချိုတွေနဲ့ ဂျောက်ဂျက်ရဲ့ ပေါက်တဲ့အိုးထဲမှာ စာသားလေးပေါ့)

“အင်း..အဲ့..အင်း.....ဟင်း..ဟင်း...””
ထလာပြီ ကျွန်တော်တို့ ဇာတ်ကောင်ကြီး ရင်နင့်သူရ ထလာပါပြီ...မျက်လုံးကိုပွတ်ရင်းနဲ့
ဘေးဘီးကိုတစ်ချက်ကြည့်တယ် .. သူ ယောင်နနဖြစ်နေသလိုနဲ့
ထို့နောက်ဖုန်းသံကို သတိထားမိသွားမှ ဖုန်းကို တစ်ချက်ကောက်ကိုင်ပြီး...အိပ်ချင်မူးတူးလေသံနဲ့
““ ဟယ်..ဟ.ဟ..လို..””
“ိျးိုြါမငြို်ြါိုယူ်းျန .....””
”ဘာပြောတာလဲ ...ဘယ်သူလဲ ””
“ိျတနန်တသန်စယ်ြစ်ျ ”
““ မေးနေတယ်ကွ..ဘယ်သူလဲလို့””
““ ရင်လေး နိုးပြီလား ..ကိုယ်ဆက်တာ ””
““ ဟယ်...ကို အောင်စည်သာလား””
““ အင်း...ဟုတ်တယ်..ရင်လေး ..မနိုးသေးဘူးထင်လို့ နှိုးလိုက်တာ ..ကွက်တိပါပဲနော် .. ကိုယ်တော်ကြာလာခေါ်မယ့်သိလား ... အဆင်သင့်ပြင်ထားနော်.....””

““ ကို ရယ် ရင်လေးလေ ကိုအောင့်ကို လွမ်းနေတာသိလား... ကိုအောင် ကလည်းလေ နေနိုင်လိုက်တာ...
ရင်လေး နေမကောင်းဖြစ်တုန်းက ကို့ ကို မျှော်သေးတယ် ..သိလား ... ကိုရယ်..လွမ်းတယ်သိလား..
အရမ်းလွမ်းတာပဲ...ခု..လာခေါ်နော် .. ကို .သိလား...ဒါပဲနော်..ဖုန်းချလိုက်မယ်...ခုလာခေါ်..နော်
ရေးချိုးထားမယ်ကို..ကိုကြိုက်တဲ့ အရောင်လေးဝတ်လာမယ်...ဒါပဲနော်..ဘိုင်ဘိုင်...ပြွှတ်စ်.....””

ဖုန်းချပြီးတာနဲ့ ရင်နင့်သူရတစ်ယောက် သီချင်းလေးတစ်အေးအေးလုပ်နေရဲ့ သီချင်းသံကတော့ . .

♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪

♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪
♪♪““ ...ခဲတံ..နှစ်ဖက်လုံးကို...စုံချွန်ထားကမှ..ပြီးတော့..အယုံလွန်သွားတာလား....””♪♪


သွားပြီ...သွားပြီ..ခင်ည..ဇာတ်နာသွားပြီပေါ့...
သီချင်းသံတစ်ခုတည်းထွက်နေတဲ့ အိမ်ရှေ့ ဧည့်ခန်းလေး. . .
ချောင်ထဲကနေ ချောင်းကြည့်ရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေ.. မျက်လုံးတွေ...မျက်လုံးတွေ
ပြီးတော့ .. မယုံနိုင်တဲ့..မျက်လုံးတွေ..ပြီးတော့ ..ရှိုက်သံတွေ....ပြီးတော့ ....မြောက်တက်လာတဲ့...
လက်ညိုးတွေ.... အားလုံး ... .တစ်ဖြည်းဖြည်းချင်း ..ရင်နင့်သူရ..ဘေးမှာဝိုင်းလျှက်....
လက်ညိုးအားလုံး ... ခရီးဆုံးသွားတာနဲ.. အားလုံးရဲ့....ဖျစ်ညှစ်ပြီး ....အာခေါင်ခြစ်ပြီးအောက်လိုက်တဲ့
အသံ...တစ်သံတည်း....ပြိုင်တူပဲ...ညီနေတာပဲ.....ဒါပေမယ့် တစ်ခွန်းတည်း..တစ်သံတည်း.....

“““ နှစ်.....ဖက်.......ချွှန် ”” တဲ့ . . . .. ။


*********************** ပြီးပါပြီ *******************************
ရင်နင့် သူ


Friday, October 12, 2012

အမုန်းမရှိသော ချစ်ခြင်းကမ္ဘာဆီသို့

ပင်လယ်ပြာပြာ ကဗျာချစ်သူများ မင်္ဂလာပါခင်ဗျာ

ကဗျာပင်လယ်ကြော မှာ စီးမျောရင်း ကဗျာကြေညာ ဖို့ တပတ်လည်လာပြန်ပါပြီ
ကဗျာမကြေညာခင် ဦးတည်ချက်လေး ပြောချင်ပါတယ်
အမှတ်တရ ကဗျာဆု အားပေးသော ကျွန်တော် အပါဝင် Admin များမှာ
ကဗျာအရာမှာ ဆရာတွေမဟုတ်ကြပါဘူး ခင်ဗျာ( တော်လို့ တတ်လို့ပေးခြင်းမဟုတ်ပါ)
ကျွန်တော် တို့မှာ ရည်ရွယ်ချက်ရှိပါ၏
(၁) ကဗျာဆရာ တို့၏ ကဗျာကောင်းလေးများ ကို အသိအမှတ်ပြုခြင်း

(၂) သူငယ်ချင်းများ၏ နွေးထွေးစွာ ချစ်ခင်ရင်းနှီးမှု နှင့် အားထုတ်မှုကို ရရှိစေခြင်း

(၃) ကဗျာချစ်ခင်ကြသောသူငယ်ချင်းများ၏ အသိုက်အမြုံကို ကဗျာများဖြင့် တည်ဆောက်ခြင်း

(၄) ၄င်းမှတဆင့် လူမှုရေး လုပ်ငန်း များဖြင့် အများအကျိုးပြုခြင်း

(၅) ပင်လယ်ပြာပြာ ဂရု ၏ အင်မင်များက သူငယ်ချင်း များ၏ ကဗျာများအား လစ်လွတ်စပယ်
မဖတ်ရှုခြင်း စသည် တို့ကို ဦးတည်စေပါသည်

၎င်းတို့သည် ဂရုတခုကို အရှည်ထိန်းသိမ်းစေရန် ကောင်းမွန်သော အစီအမံ များဖြစ်စေရန်
အထောက်ကကူပြုပါသည်ဟု ကျွန်တော်တို့ Admin အဖွဲ့မှ ယုံကြည်မိပါသည်

ကဲ ပြောရင်းစကားတောင်ရှည် သွားပြီ
ဒီတပတ်အတွက် ကဗျာကတော့ ကျွန်တော့်ကဗျား) ကလွှဲရင် အကုန်ဖတ်ကြည့်ပါတယ်
ကောင်းလိုက်တဲ့ ကဗျာတွေဗျာ ကဗျာတပုဒ်ကို ပေးရင် ကျန်ကောင်းတဲ့ ကဗျာတွေကို မျက်နှာပူပါ၏ ။ ဒီတပတ်အတွက် ကဗျာ ၂ ပုဒ်ပေးပါ့မယ် (ဒါဟာ ပင်လယ်ပြာပြာ မှာ ပထမဆုံးပေးခြင်းဖြစ်ပါတယ်) ဘာကြောင့်ပေးရလဲဆိုပါအံ့ ။ ကဗျာကောင်းလေးတွေ များသောကြောင့်ဖြစ်ကြောင်း ဖြေဆိုပါသည်။

မည်သည့်ကဗျာအား ပေးမည် ဆိုငြားအံ့ ။ သိပ်လှတဲ့ စုံတွဲကဗျာလေးကို ပေးပါမည်။
ကဗျာ၂ပုဒ်ကို ဘယ်လိုပေးမည်ဟု သင်မေးအံ့။ ဒီနေ့တပုဒ်ပေးပြီး မနက်ဖြန်တပုဒ် ကြေညာပါမည်
ဒါဆိုရင် အခုဆုရသည့် ကဗျာအား သင် မေး အံ့ ။ အကျွန်ုပ် ၄င်း ကဗျာအား ချပြပါမည်
ကဗျာဆရာ၂ယောက်ဟာ သူတို့၏ ကဗျာအချီအချ အား လှပ တိမ်းမူးစွာ ဖွဲ့ဆိုပြသွားသော ၄င်းကဗျာမှာ

အချစ် ဥယျာဉ်မှူးလေး
♫♬♪♩♫♬♪♩.....အမုန်းမရှိသော ချစ်ခြင်းကမ္ဘာဆီသို့ ......♫♬♪♩♫♬♪♩