Pages

Friday, October 12, 2012

"မှော်ရာသီ"

မြူတွေဆိုင်းတိုင်း
ဘာကိစ္စ
ရှစ်ခွင်လုံးပါ မှိုင်းနေရတာလဲလို့

အော်မေးလိုက်တယ် ။

မြောက်ပြန်လေသွေးတိုင်း
အတိတ်တွေ
အထွေးလိုက် အန်မထုတ်ပါရစေနဲ့လို့
အကြိမ်ကြိမ်တောင်းပန်ခဲ့တာပါ ။

နှစ်ချို့လည်း
အခုထိကို "ဆောင်း" က
ပြောမရ ဆိုမရ နိုင်တုန်းမို့
မသိကျိုးကျွံပဲ ပြုလိုက်ရတယ် ။

ဂယောက်ဂယက်အိပ်မက်တွေကို
ဖွဖွနင်းပြီး
ချယ်ရီဝတ်ရုံကိုသာ
ဆင်မြန်းခဲ့လိုက်ပါ ... ဟေမာ ။ 
________ SNAZZI ________

0 comments:

Post a Comment