Pages

Friday, October 12, 2012

၁၈ နှစ်...

ဝိုးတ၀ါးအလင်းတွေနဲ့
ကြယ်တစ်စင်းငါ့ကောင်းကင်မှာလင်းခဲ့တယ်..
ရင်ခုန်သံတွေက ကြံရာမရ

ခုန်ပေါက်
စိတ်ကူးထဲမှာတင် သေပျော်ခဲ့တဲ့သံယောဇဉ်
ဝိဥာဉ်လွင့်မတတ်ရူး
အသည်းမှာနစ်တဲ့ဆူး..
အလွမ်းမြစ်မှာ တသွင်သွင်မူးနေ..
လက်ကလေးနှစ်ဖက်ဆုံတွဲမဲ့နေ့..
မင်းကိုစစချင်းတွေ့တဲ့အချိန်မှ
ရာသက်ပန်အကြင်နာလမ်းနဲ့..
ချစ်ခြင်းတွေကိုထမ်း..
အနာဂါတ်မှာ မြတ်နိုးခြင်းပန်းတွေလွင့်လွင့်ပြန့်ကျဲ..
သေချာပါပြီ..
ငါသူ့ကိုချစ်နေတာပဲ....
ရင်ခုန်သံကိုမျက်ရည်နဲ့မျော..
ကံကောင်းရင်တနေ့နေ့ဖွင့်ပြောတော့မယ်..
ချစ်တယ်လို့ ပဲဖြေပေးပါ။....။
Mg Yin Nga Tay

0 comments:

Post a Comment