Pages

Friday, October 12, 2012

ကျွန်တော်နှင့် တွံတေး အောင်ပြည့်မွန်

Soe Min Tun ။   ။  အဲ ကျွန်တော်တွံတေးသိန်းတန်တစ်ယောက်အနေ နဲ့….အဲ ..မိဘပြည်သူများရင်ခွင်ကို    
                     ရောက်ရှိလာရတာ ကျွန်တော် ၀မ်းသာလို့မဆုံးပါဘူးဗျာ.အဲ

ရင်နင့်သူ ။   ။ ခဏလေး…အစ်ကိုက အဆိုတော်ဆရာတွံတေးသိန်တန်လား

Soe Min Tun ။    ။ ဟုတ်ပါတယ်ဗျ ဘာဖြစ်လို့တုန်း

ရင်နင့်သူ ။   ။  ဟာ……ဆရာတွံတေးသိန်တန်ဗျာ…… ကျွန်တော်ဆရာကိုတစ်သက်လုံးမမေ့ဘူးသိလား
ဆရာကိုသတိရတိုင်းကျွန်တော်ဟိုသီချင်းဆိုတာ

Soe Min Tun ။    ။  ဘယ်သီချင်းတုန်းကွ.. ဘယ်သီချင်းတုန်း

ရင်နင့်သူ ။   ။  ဟိုသီချင်းလေ…..♪ ♩ ♪ ♩ ငါတော့မေ့လို့မရတော့ဘူး.♪ ♩ ♪ ♩ အဲ့သချင်း 

Soe Min Tun ။    ။  ဟိတ်ကောင် …..ဟာ..ရင်နင့်သူက တော်တော်နောက်တာပဲကွ..ဟား..ဟား.ဟား.ဟား

                          ရပါတယ်ကွာ ..ရပါတယ်… ပြည်သူချစ်သောအနုပညာရှင်တွေဆိုတာ ဒီလောက်တော့ရှိမှာပေါ့ဗျ
အနုပညာပမားဆိုတာက မိဘပြည်သူတွေကို ဖြေဖျော်တင်ဆက်နေရရင် မောလို့မောမှန်းမသိပါဘူး ပန်းလို့ ပန်းမှန်းမသိပါဘူး
ပန်းတွေလည်းမွှေးတယ် စမ်းရေလည်းအေးတယ် ဘယ်ပန်းတွေ ဘယ်လိုပင်မွှေးပေမယ့်
ဘယ်စန်းရေတွေဘယ်လိုပင်အေးပေမယ့် ကေသရာဇ ခြင်္သေမင်းရဲ့ ဂွေးစေ့ ဟာ စကောလောက်ရှိ

ရင်နင့်သူ ။   ။   ဘာတွေလျှောက်ပြောနေတာလည်း.. မေးစေ့… ဘာတွေလျှောက်ပြောနေတာလည်း..

Soe Min Tun ။    ။   မှား..သွားလို့ပါကွာ.ကိစ္စမရှိပါဘူး .ပန်းကလေးတွေတောင်မှ နေပူထဲမှာ ပွင့်ရဲသေးတာပဲ Amigo တစ်ယောက်ဘာဖြစ်လို့ ဓါတ်တိုင်မှာသေကော့မပန်းရဲရမှာလည်းလို့ အဲ

မနောက်ကြပါနဲ့ကွာ အနုပညာကိုချစ်သောသူ အနုပညာကိုနှစ်မြောသူ အနုပညာကို စစ်သောသူ တွေရှေ့မှာ ဒီလိုမလုပ်ကြပါနဲ့လို့ …အဲ....ကို…..တောင်းပန်ပါချင်ပါတယ်…ကွာ
မိဘပြည်သူများကျွန်တော်သီချင်းလေးတွေဆိုပြဘို့အတွက် မိဘပြည်သူတွေရှေ့ကို ရောက်လာတာပါ
ကျွန်တော့်ရဲ့ အသီးတစ်ရာအညှာ ၁၁ခုဆိုတဲ့ သီချင်းလေးနဲ့ဖြေဖျော်...

ရင်နင့်သူ ။   ။    အညှာကတစ်ခုပဲရှိတာ ဘယ်ကဆယ်ခုရမှာလည်း

Soe Min Tun ။    ။   ဒီလောက်ကြာပြီဆိုမှတော့ အညှောင်တွေပေါက်ပြီပေါ့ကွ ဟေ့ကောင်ရ မင့်က ပြသနာပဲ

Aung Pyae Mon ။  ။ အော် ဆရာက တွံတေးသိန်းတန်လား

Soe Min Tun ။    ။   နေစမ်းပါဦး မင်းက ဘယ်သူတုန်းကွ

Aung Pyae Mon ။  ။ ကျွန်တော့်နာမည် တွံတေးအောင်ပြည့်ပါဗျာ

နေစမ်းပါဦး မင်းကတွံတေးအောင်ပြည့်ဆိုတော့ တွံတေးဘယ်အပိုင်ကတုန်းကွ

Aung Pyae Mon ။  ။ ကျွန်တော် တာချီလိတ်ကပါ

Soe Min Tun ။    ။  တာချီလိတ်ကလူက တွံတေးအောင်ပြည့်မှည့်ရသလားကွ ဟေ့ကောင်ရ

Aung Pyae Mon ။  ။အဲ့... ကျွန်တော့်အမေက တွံတေးမှာ ဗိုက်နာပြီးတော့ အဲ..တာချီလိတ်မှာမွေးလို့ပါဗျ

Soe Min Tun ။    ။   ရပါတယ်ကွာရပါတယ် အဲ...ဘာပဲဖြစ်ဖြစ် ကို့ကိုမင်းလာပြီးတော့ ချစ်ခင်သမှုနဲ့
တွံတေးနာမည်လေးတပ်ပြီးတော့ တွံတေးအောင်ပြည့်လို့ မှည့်တာလေးက အကိုကြိုက်နေပါပီကွ

Aung Pyae Mon ။  ။ ကျွန်တော် ဆရာကိုချစ်တယ် ဆရာကိုမြတ်နိုးတယ် အဲဒါကြောင့် အဲ ကျွန်တော်ဆရာဆီက ပညာလာသင်တာပါလို့ အဲ

Aung Pyae Mon ။  လေးစားချစ်ခင်မြတ်နိုးရပါသော ရွှေကျွဲပွဲ့လာ မိတ်သဟာအပေါင်း

Soe Min Tun ။    ။   ရွှေပွဲကြွလာ ကွ ဟေ့ကောင်မှားနေပြီ

Aung Pyae Mon ။  ။  ကျွန်တော်မှားသွားတာဆရာ

Soe Min Tun ။    ။ ရွှေကျွဲပွဲ့လာ မဟုတ်ပါဘူး ရွှေပွဲကြွလာ လို့ပြောရပါတယ်ကွ

Aung Pyae Mon ။ ရွှေပွဲကြွလာ မိတ်သဟာအပေါင်း အဲ သုခိအတ်တနဲ့ အနံဗရွတ်တွတ်ဆိုတဲ့အတိုင်း

Soe Min Tun ။    ။ ဘာတွေလျှောက်ပြောနေတာတုန်းကွ..ဘာမှန်းမသိဘူးကွာ မင်းဟာက

Aung Pyae Mon ။   ။ဆရာရယ် ဆရာကို ကျွန်တော်အရမ်းချစ်မြတ်နိုးပါတယ်ဗျာ

Soe Min Tun ။    ။ ရပါတယ်ကွာ

Aung Pyae Mon ။   ။ ဆရာရဲ့ပညာကို ကျွန်တော့်ကိုတစ်စိတ်ပဲဖြစ်ဖြစ် တစ်ပိုင်းပဲဖြစ်ဖြစ် နှစ်ပကလောက်ပဲဖြစ်ဖြစ်

Soe Min Tun ။    ။ ဟကောင်ရ အရက်တွေနဲ့ရောကုန်ပြီကွ

Aung Pyae Mon ။   ။ အဲ ကျွန်တော် အရက်နဲ့ရောသွားလို့ပါဆရာ

Soe Min Tun ။    ။ သေချာနားထောင်ကွာ ဟိုသီချင်းလေး မင်းကြားဖူးမှာပေါ့

Aung Pyae Mon ။   ။ ကြားဖူးပါတယ်ဆရာ

Soe Min Tun ။    ။ ခေါင်းလောင်းသံ တညံညံပေးပါလို့ ရွာကျောင်းကို ပြေးမြင်မိရင်

Aung Pyae Mon ။   ။ လေးစားတယ်ဆရာရယ်

Soe Min Tun ။    ။ မီးရှို့ချင်တယ်သငယ်ချင်းရယ်

Aung Pyae Mon ။   ။ ဆရာ ကျောင်းကိုမီးရှို့ရအောင် နင့်ယ္ခောမအိမ်များအောင့်မေ့နေလား

Soe Min Tun ။    ။ ဟုတ်ဘူးကွ ဒါမှ ကျောင်းလေးကိုမီးရှို့လိုက်မှနောက်အသစ်ရမှ ပေါ့ကွ ဟေ့ကောင်ရ
နောက်မို့ဆိုဟောင်းအတိုင်းဖြစ်နေမှာပေါ့ ပြည့်သူ့အကျိုးပြုပြီးဆိုနေတာပါကွာ မင်းကလည်း အဲ

Aung Pyae Mon ။   ။ဆရာ့ကို ကျွန်တော်လေးစားပြီးသားပါ ဆရာ့ဆိုပုံဆိုဟန်က နှုတ်ခမ်းလေးကိုက တန်ဘိုးရှိတာ

Soe Min Tun ။    ။ ရပါတယ်ကွာ ကို့..ရဲ့..သီချင်းလေးကို မင်းကြိုက်တယ်ဆိုတော့ အဲ...ကိုတို့ဒီလိုလက်ဆင့်ကမ်းပေးရတဲ့လူအဘို့
အင်မတန်မှ သဘောကျနေနပ်မိပါတယ်ကွာ...

Aung Pyae Mon ။   ။ ဆရာ.....အဲဒါဆိုရင်...ကျွန်တော်ဆရာရဲ့အမွေကို ...လက်ဆင့်ကမ်းသယ်ချင်တယ်...ဆရာရယ်

Soe Min Tun ။    ။ ရပါတယ်ကွာ ...ကိုဆိုပြတဲ့သီချင်းကိုမင်းနောက်ကနေလိုက်ဆိုကြည့်ပေါ့ကွ

ကကြီ**းခ**ဂွေး ဘယ်လိုရေးမယ်..ကလေး

Aung Pyae Mon ။   ။ ဆရာ အဲအပိုဒ်လေး ကျွန်တော်ကြိုက်တာ

Soe Min Tun ။    ။ ဆိုကြည့်ပေါ့ကွာ

Aung Pyae Mon ။   ။ က♪ ♩ ♪ ♩ကြီး♪ ♩ ♪ ♩ ခ ♩ ♪ဂွေးးးးးးးးးးး ♪

Soe Min Tun ။    ။ ဒုက်ခပဲကွ ဟေ့ကောင်က မင်းက ဂွေးကို တအားသွားဆွဲတာပေါ့ကွ
                                     ဂွေးကိုမဆွဲရဘူးကွ

Aung Pyae Mon ။   ။ ဂွေးကိုဆွဲတော့ဘာဖြစ်သွားလည်းဆရာ

Soe Min Tun ။    ။ ဂွေးကိုဆွဲတော့ ရှည်ထွက်သွားတာပေါ့ကွ ဟေ့ကောင်ရ မလုပ်ရဘူးကွ ဖြည်းဖြည်းဆို သေချာကြည်ပါလို့ပြောထားတဲ့ဟာကို

Aung Pyae Mon ။   ။ ဟုတ်ပြီဆရာ

Soe Min Tun ။    ။     ကကြီး ခဂွေး ဒါပဲလေကွာ

Aung Pyae Mon ။   ။ အော်သိပြီ ပါးပါးလေးပဲဆရာ

က ♩ ♩ ကြီး ♩ ♩ ♩ ခ ♩ ♩ ဂွေး(တ်) ♩ ♩ ♩ ♩

Soe Min Tun ။    ။  ဟ ဒုက်ခပဲကွာ မင်းကဂွေးကို အဲလိုသွားတိလိုက်တော့ ဂွေးကတိုသွားတာပေါ့ကွ ဟေ့ကောင်ရ
ဂွေးကမတိရဘူးကွ ပ

Aung Pyae Mon ။   ။ တိလို့မရဘူးလား

Soe Min Tun ။    ။ မရဘူးကွ ပုံမှန်ပဲလေ ကကြီးခဂွေး ဒါလေးပဲကွ ဆိုကြည့်ပါဦး

Aung Pyae Mon ။   ။ ♩ ♩ ကကြီး ♩ ♩ ခ ♩ ♩ ဂွေးးဂ်ဂ်ဂ်ဂ် ♩ ♩ ♩

Soe Min Tun ။    ။ ဒုက်ခပဲကွာ မင်းက ဂွေးကို ဗိုင်ဗရေးရှင်းသွားထည့်တော့ ဂွေးတုန်သွားတာပေါ့ကွ ဟေ့ကောင်ရ

Aung Pyae Mon ။   ။ ဆရာရယ် ဆရာဂွေးကလည်း ဆရာပါးစပ်ထဲမှာ အဆင်ပြေသလို ကျွန်တော့်ပါးစပ်ထဲရောက်တော့ ဂွေးက အဆင်မပြေဘူးဆရာ

Soe Min Tun ။    ။ အဲဒါက သဘာကွာတယ်ကွ

Aung Pyae Mon ။   ။ အဲဒါ ကျွန်တော် ကျွန်တော့်ပါးစပ်ထဲက ဂွေးကို ဘယ်လိုလုပ်ရမလဲဆရာ

Soe Min Tun ။    ။  ဒါဆိုမင်းကို အကောင်းဆုံး အကြံဥဏ်ပေးမယ်ကွာ

Aung Pyae Mon ။   ။ ဟုတ်ကဲ့ပေးပါဆရာ

Soe Min Tun ။    ။ ဒီနေ့ကစပြီး အဲဒီဂွေးကိုဖြတ်လိုက်တော့

Aung Pyae Mon ။   ။ ဟုတ်ကဲ့ ဒီနေ့ကစပြီး ကျွန်တော်ဖြတ်လိုက်ပါမယ်ခင်ဗျာ

ထိုနေ့မှ စတင်၍ ယခုအခါထိ အောင်ပြည့်မွန်ကြီး ကကြီးပဲဆိုတက်၍ အသက်သာကြီးလာတယ် ခဂွေး မဆိုတက်သေးပါသေးဘူးခင်ဗျာ...။
ပြီးပါပြီ။

Soe Min Tun


မေတ္တာဖြင့် ....လူဆိုး ( Soe Min Tun)

0 comments:

Post a Comment