Pages

Friday, October 12, 2012

ပြိုင်မျဉ်းတို့ရဲ့ ..... ကောက်ကြောင်း

ပြောပါဦး..........မာယာ
ဒါ မောင်နှမ တဲ့လား
နှလုံးသားတွေ အမှောင်ကျခဲ့ရတဲ့ ငါ့ဘဝ
နင့်ကိုမှ လမင်းလေး လို့ ထင်မိခဲ့တာ
ညခင်းတစ်ခုရဲ့ မာယာမှာ
ညစာ ဖြစ်ခဲ့ရတဲ့ ငါ့အကြောင်း
ခုတော့ ... စာ ကောင်းကောင်းတတ်ပြီဟာ
ည........ရေးချာ ညာ။ .....( နွေဦးမောင်မောင် )

ချစ်တယ်တဲ့...ဟုတ်လားးးး???
မတန်မရာ.......နင့်ပါးစပ်ကပဲ ချစ်တယ်လို့ပြောပြီး
နင်ပဲ နောက်တစ်ယောက်နဲ့ ထည်လဲတွဲ
ဘီလူးခေါင်းစောင်းတဲ့သူထက်ဆိုးတဲ့
မင်းသားခေါင်းစောင်းတဲ့ဘီလူး
သွားစမ်းပါလေ...မလွမ်းဘူး
ငါ့အချစ်ကိုလိမ်ညာအယောင်ဆောင်
နင်ကသာ ဖိုးတွမ်တီးလို ကောင် !!! .....(ခေတ်)

ဆောရီးပါ..........မာယာ
ပြဒါးတစ်လမ်း သံတစ်လမ်းမို့
လမ်းခွဲမှာ ၀မ်းနည်းမယ် ထင်သလား
တမ်းတမ်းစွဲ ဖြစ်ရအောင် နင်က Dota ဂိမ်းမဟုတ်ဘူး
ပျော်ရာကို တိမ်းတော့ မာယာ
ငါ့ အတွက်တော့ ဗလာ ပလိန်း ပဲ
ပျံပြေးတိုင်း လှုပ်ယိမ်းကျန်ခဲ့ရအောင်
ငါဆိုတဲ့ ကောင်ကလဲ နွယ်ပင် မဟုတ်ဘူး။ .....( နွေဦးမောင်မောင် )

Sorry လို့ပြောရအောင်
အချစ်ကနင့်အတွက်
အပျော်အပျက်ကစားပွဲတစ်ခုလားးး???
အရင်ကတော့ နင်ဟာငါ့ရဲ့ ကမ္ဘာ
ခုများတော့နင်ဟာလည်း ငါ့အတွက် ဗလာ
လိုက်မယ်ထင်ပြီးပြေးရင်တော့ နင်ပဲမောမယ်
နင်ဆိုတဲ့ကောင်က ပြေးလိုက်ဖို့မပြောနဲ့
ရပ်စောင့်ဖို့တောင် မတန်တဲ့ကောင်!!! .....(ခေတ်)

အေးဆေးပါ.......မာယာ
ဒီမှာပဲ ကန့်လန့်ကာ ချတော့
အသပြာဆိုတဲ့ ဒုတိယ ဗုဒ္စကြောင့်
သမုဒ္ဒယ ဒုက္ခတွေ ပိုက်ခဲ့တဲ့ နှလုံးသားနဲ့
မရှု မလှ ခံလိုက်ရတဲ့ အရှုံးသမား
ခုတော့ .. အတုအပ အပြုံးတရားနဲ့
အမုန်းစကားတွေ ပြောပြီး ဟားတိုက်
မာယာရေ...နင်သာ ကျားကိုက် မခံရစေနဲ့။ .....( နွေဦးမောင်မောင် )

သနားလိုက်တာဟာ
ဒါ မေတ္တာလား ... ကျိန်စာလား
ရည်းစားဖြစ်ခဲ့ဖူးတဲ့
သွေးကြောင်ကြောင်
အဖိုးမတန် နင်လိုကောင်ကို
အနမ်းတစ်ခါနေရာမှာ
(ပါး)အချက်တစ်ရာ ပြန်ရိုက်ရချင်တာတာင်
ငါ့လက်နဲ့ရိုက်ဖို့ မတန်တော့တဲ့ကောင်!!! .....(ခေတ်)

စာကြွင်း။ ။ နေမကောင်းတဲ့ ကြားကနေ
ကျွန်တော့်ကို ဒေါသထွက်ပြပေးတဲ့
ညီမလေး မိကောက် ( ခေတ် ) ကို ကျေးဇူး အများကြီးတင်ပါတယ်နော်
အချစ် ဥယျာဉ်မှူးလေး
 

0 comments:

Post a Comment