Pages

Saturday, October 13, 2012

ထွက်မသွားပါနဲ့

 
ထွက်မသွားပါနဲ့တဲ့ .....
အနား ရှိနေတာတောင် အရေးမလုပ်တဲ့သူက
လောကရဲ့ ပျုငှာတဲ့ ဧည့်ဝတ်စကားတွေနဲ့
ငါ့ကိုလက်မခံချင်ပါနဲ့


ဒီနေရာ ဒီဒေသမှာခြေချမိသမျှ
ဒီရင်ခွင်က အလွမ်းတွေလဲ နာနေအုံးမှာပါ
အမှားကို မကြောက်လို့ ငါကိုယ်တိုင်
ဒူးထောက်ခဲ့ရတဲ့ နင့်ရင်ခွင်
နာနာ ကြင်ကြင် နင်ထပ်ပြီးဘာလုပ်ချင်သေးတာလဲ

ကာရံတွေ စုတ်ပြတ်နေတဲ့ " ကဗျာ "နဲ့
အလွမ်းသင့်တဲ့ " မျက်ဝန်း "
အတွေးတွေ ရိုက်ခတ်နေတဲ့ " ရင် "
မနာကြင်ပဲ နေပါ့မလား

ဒီမှာ ချစ်သူ ငါလိုကောင်က
ဗုဒ္ဓရဲ့ ဆုံးမ စကား မိဘရဲ့ မေတ္တာကိုတောင် ကျဉ်ပြီး
နင်ရင်ခွင်ကို ၀င်ချင်တဲ့ ငနဲပါ

မယုံကြည်တဲ့ အတွင်းစိတ်နဲ့
မဖြစ်နိုင်ဘူး တွေးမိတဲ့ နင့်ဦးနှောက်ကိုလဲ လေးစားတယ်
နင့်ကိုပဲ ချစ်တယ် ဘယ်သူကိုမှ မချစ်ပါဆိုပြီး
ကိုယ့်ကိုယ်ကို ခံယူမိတဲ့ နှလုံးသားကို ဂုဏ်ယူတယ်

ငါနင့်ကို မယုံကြည်တာမဟုတ်ပါဘူး
ငါနင့်ကိုထားတဲ့ ယုံကြည်မှုကို ကစားရင်း
ငါ့အချစ်ကို နွားခိုင်းခိုင်းမှတော့
ဒီစာသား မရိုင်းပဲနေမလား

နှုတ်ဆက်ကြပါစို့ ..............
နင်ပျိုးတဲ့ ဥယျဉ်မှာလဲ ငါပန်းမပွင့်ချင်တော့ဘူး ............
ငါအသက်ရှုရှိုက်တဲ့ လေထုတွေထဲမှာတောင်
နင့် ရနံ့ကို မလိုချင်တော့ဘူး ပျော်ရွှင်ပါစေချစ်သူ
  NN@
 
Naing Naing Dnc
 

0 comments:

Post a Comment