Pages

Friday, October 12, 2012

"မင်းမို့"

ချစ်ရသူရယ်...
ငါ့ရဲ့ ကြေကွဲရခြင်းဟာ
မင်းကေသာကို ထုံးဖွဲ့ဖို့လောက်
အရေးမကြီးလှဖူးပေါ့...

မျက်နှာအလွဲမှာပဲ
တစ်သက်စာ ရှုံးနိမ့်သွားခဲ့ရ...
အချစ်ဆိုတာစကားလုံးသက်သက်မှမဟုတ်ပဲ..
လေထဲမှာ ပြယ်မှိန်သွားတတ်ပေမယ့်
နှလုံးသားမှာ ခတ်နှိပ်ထားတဲ့ အက္ခရာ။

ငါဟာမင်းအတွက်တော့...
အနှောက်ယှက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..
မင်းဟာငါ့အတွက်တော့..
ထာဝရမြတ်နိုးရခြင်းရဲ့ အလင်္ကာတစ်ပုဒ်ပါ။

မင်းတန်ဖိုးမထားတာပဲ ဖြစ်ဖြစ်..
မေ့လျော့နေတာပဲ ဖြစ်ဖြစ်...
တစ်ခုတော့သိပါ...
လူဆိုးဖြစ်ဖြစ် သူရူးဖြစ်ဖြစ်
ပညာတတ်ဖြစ်ဖြစ် ပညာမဲ့ဖြစ်ဖြစ်
မြင့်မြတ်စွာချစ်ခဲ့ရင် အချစ်စစ်ပါပဲ။

မင်းလက်မခံပဲ နေနိုင်ပါတယ်
မင်းငြင်းဆန်ပိုင်ခွင့်လည်း ရှိတယ်
ဒါပေမယ့်...
မေတ္တာစစ်ကိုတော့ မစော်ကားရဘူး။

မင်းစိတ်ဆိုးနိုင်တယ်
မင်းအော်ဟစ်မောင်းထုတ်နိုင်တယ်
ဒါပေမယ်...
ရိုးသားစွာ ကြိုးစားမှုကို
ကွယ်ရာမှာတောင် မင်းပျက်ရယ်မပြုသင့်ပါဘူး။

အဆုံးစွန်ထိ...
မင်းဂရုမပြုပဲ နေနိုင်တယ်
ဒါပေမယ့်...ငါ
ပြုံးပြုံးလေး ကျန်ရစ်နေခဲ့ပါမယ်...
ဘာလို့ဆို...
အဲဒါ...ငါအချစ်ရဆုံး မင်းမို့ပါပဲ။ ။
Nitsan Naing

(နှစ်ဆန်းနိုင်)

0 comments:

Post a Comment