Pages

Saturday, October 13, 2012

ကလေးရယ်


ကလေးရယ် အတွေးနယ်ပယ်

မျက်ရည်လည်လို့ အဆွေးခြယ်သ

နွမ်းလေသမျှ မလှဘဝ

စခဲ့ရတော့ အဖေမေစုံ

မြင်ပုံရယ်ထူး ကြည်နူးထွေးဖက်

အနန္တလက်တွေ မက်မပြေ

လှရက်ပေလို့ ထင်နေလေသလား

ကလေးရယ်။



စိတ်ဝယ်အားငယ် တမ်းတမပြယ်

မှန်းဆရွယ်လို့

လှမ်းခေါ်မရ အဝေးဆီက

မတွေ့ခဲ့ရတဲ့ အဖေမေကိုများ

လွမ်းနေလေသလား ကလေးရယ်။



ဘဝနေစွယ် မကွယ်ခင်တော့

ကြင်နာမရ ဝမ်းမဝလည်း

လှမ်းနေရမြဲ ဘဝအခက်ခဲ

ကြမ်းတမ်းဆဲလေ အတွေးနယ်ချဲ့

အားမငယ်လေနဲ့ ကလေးရယ်။



တကယ်လို့များ အတွေးထားက

ငါ၏နဘေး ဖေးမစရာ

ငါ၏စိတ်သာ ကိုးကွယ်ရာလို့

စိတ်မှာမှတ်သား အားတင်းထားလို့

ဘဝမှောင်တွင်း အလင်းတွေချွေ

ပန်းတွေဝေတဲ့ နေ့သစ်အတွက်

အားတွေဖြည့်စွက် လှမ်းတက်ခဲ့တော့

ကလေးရယ်။
 
Layeik Lay
 
 
 

0 comments:

Post a Comment