Pages

Friday, October 12, 2012

သံဇဉ်ကြွေတဲ့ကဗျာ

ပင်လယ်ပြာပြာမှာ...
ငွေမှင်ရောင်တွေ ကူးခတ်လို့..
နင်ဟာ...ခုံတန်းပြာပြာပေါ်က
သံစဉ်ကြွေတဲ့ကဗျာ...
ဟိုး....အရှေ့အရပ်မှာ
စွယ်တော်တွေတောင်ပွင့်ပြီကွယ်
ငှက်ကလေးတွေ
လွန့်လူးဝေ့၀ဲလို့...
အို.....လှလိုက်တဲ့..
နှုတ်ခမ်းတစ်စုံရယ်...
ငါ့ကိုယ်ငါတောင် ပျောက်ဆုံးလို့
ဘယ်လိုနည်းနဲ့များ
ရောင့်ရဲရမလဲကွယ်.....
အနာဂါတ်ဆိုတာ ရှိခဲ့ရင်..
(ကိုယ့်ကိုယ်ကို) ဖန်ဆင်းပစ်မယ်...
ချစ်သူရှိရာ ..သွားနိုင်ဖို့
ငှက်ကလေးတစ်ကောင်ဖြစ်ဖြစ်..
လိပ်ပြာလေးတစ်ကောင်ဖြစ်ဖြစ်...
နောက်ဆုံး.....
ကဗျာလေး တစ်ပုဒ် ဖြစ် ဖြစ် ပေါ့ ....။
Yanaung Tun

0 comments:

Post a Comment