Pages

Friday, October 12, 2012

....ဆုံးပါစေတော့သံသရာ....

ဖြေဆေးမရှိတဲ့ အဆိပ်တစ်ခွက်ကို
ငါသောက်မိတယ် ငါ့ကိုယ်ငါ
ယူကြုံးမရရုံကလွဲလို့ အန်ထုတ်လို့ မှမရတော့တာ..။

ကောင်းကင်ကိုတွန်းဖယ်ခဲ့တဲ့လက်
နိုင်သလောက်တော့ ခန္ဓာနဲ့ ထွန်ယက်ပေးရတော့မှာပေါ့
အသီးအပွင့်တွေကို သင်တို့ ထံဆောင်ယူခဲ့ဖို့ လေ...။

ခွန်အားတို့ ဆုံးရှုံး ခန္ဓာကိုယ်ဂျုံးဂျုံးကျ
မြေကြီးမှာ ဒူးတုပ်ရ နေ၀င်ခါနီးဘ၀ကိုကြုံခဲ့ရင်
ငါမတုန်လှုပ်ပါဘူး သားသတ်ရုံသို့ တရွတ်တိုက်သာဆွဲခေါ်လို့ 
ငါ့ကို အရိုးဈေးနဲ့ သာ ရောင်းရစ်ခဲ့ကြပေတော့...။

ကြွေးဟောင်းကိုလည်းမဆပ်နိုင်သလိ
ကြွေးသစ်ကိုလည်း မယူလိုတော့ပေ
ကြွေးသံသရာတောထဲမှာ
သံသရာနှောင်ထုံးတို့  မြန်မြန်ဆုံးပါစေတော့လေ......။



လွမ်းဝေ
၁၁.၁၀.၂၀၁၂

0 comments:

Post a Comment