***** သူမထံသို့ ပေးစာ *****
မြတ်နိုးမှုတွေကို သက်သေပြဖို
နှင်းဆီရောင် အကြင်နာပန်းတစ်ပွင့်
နင့်ရဲ့ ညာဖက်ပါးပြင်လေးကို ဗဟိုပြုပြီး
ဖူးပွင့်ခွင့်ပေးပါလား....။
တကယ်ပါ...
နင့် မကြင်နာခြင်းတွေရဲ့
အခြားတစ်ဖက်ကို လာကြည့်လှည့်
နင့်အတွက် ငါ့ဘဝတစ်ခုလုံးစိုက်ပျိုးထားတယ် ..။
ငါ့မြတ်နိုးမှုတွေရဲ့ ပြယုတ်က
ဘာလဲဆိုတာ ဖွင့်ပြခဲ့ရင်
နင်...
မအံ့သြမိစေနဲ့နော်
အဲဒါ ငါ့ဘဝတစ်ခုလုံးကို ရင်းထားတယ်..။
မဖြစ်နိုင်တဲ့အရာ မရှိဘူး ဆိုတဲ့စကား
ငါနဲ့လုံးဝ မသက်ဆိုင်တော့ပါဘူး..။
ငါ့အတွက် ဖြစ်နိုင်တဲ့အရာတွေရှိခဲ့ပါတယ်
ဒါပေမဲ့......
နင့် အိပ်မက်ထဲမှာ ငါပါဝင်ဖို့ဆိုတာ
လုံးဝကို မဖြစ်နိုင်ဘူးလေဟာ
တစ်ခါတစ်လေ ငါဆိုတဲ့ကောင်ရှိနေသေးတာကိုတော့
နင်...
သတိရပေးပါလားဟာ.......။
မြတ်နိုးမှုတွေရဲ့ အဆုံးမှာ
အရှုံးတွေပဲ ရှိလိမ့်မယ်လို့
ထင်မထားခဲ့မိဘူး
အမြတ်တနိုးနဲ့ ချစ်ခဲ့ရတာတွေက
ဝဋ်ကြွေးတွေလို့ပဲ သတ်မှတ်ပြီး
ဒီဘဝမှာ ကြေအောင်ဆပ်နေပါတယ်
ငါ့ရဲ့ မချစ်ဦးလေးရယ်........။
########### မှော် ##########

နင် ငါ့ချစ်သူ လုပ်ပါလားဟာ
တကယ်ပါ...
နင့် မကြင်နာခြင်းတွေရဲ့
အခြားတစ်ဖက်ကို လာကြည့်လှည့်
နင့်အတွက် ငါ့ဘဝတစ်ခုလုံးစိုက်ပျိုးထားတယ်
ငါ့မြတ်နိုးမှုတွေရဲ့ ပြယုတ်က
ဘာလဲဆိုတာ ဖွင့်ပြခဲ့ရင်
နင်...
မအံ့သြမိစေနဲ့နော်
အဲဒါ ငါ့ဘဝတစ်ခုလုံးကို ရင်းထားတယ်..။
မဖြစ်နိုင်တဲ့အရာ မရှိဘူး ဆိုတဲ့စကား
ငါနဲ့လုံးဝ မသက်ဆိုင်တော့ပါဘူး..။
ငါ့အတွက် ဖြစ်နိုင်တဲ့အရာတွေရှိခဲ့ပါတယ်
ဒါပေမဲ့......
နင့် အိပ်မက်ထဲမှာ ငါပါဝင်ဖို့ဆိုတာ
လုံးဝကို မဖြစ်နိုင်ဘူးလေဟာ
တစ်ခါတစ်လေ ငါဆိုတဲ့ကောင်ရှိနေသေးတာကိုတော့
နင်...
သတိရပေးပါလားဟာ.......။
မြတ်နိုးမှုတွေရဲ့ အဆုံးမှာ
အရှုံးတွေပဲ ရှိလိမ့်မယ်လို့
ထင်မထားခဲ့မိဘူး
အမြတ်တနိုးနဲ့ ချစ်ခဲ့ရတာတွေက
ဝဋ်ကြွေးတွေလို့ပဲ သတ်မှတ်ပြီး
ဒီဘဝမှာ ကြေအောင်ဆပ်နေပါတယ်
ငါ့ရဲ့ မချစ်ဦးလေးရယ်........။
########### မှော် ##########








0 comments:
Post a Comment