*ဂန္တ၀င်ဆန်ဆန် ည . . .*
အလင်းရဲ့ နတ်သမီး
ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ်
ကြယ်မရှိ လမရှိပဲ
သံယောဇဉ်တွေ ကောင်းကင်ပေါ်က
ကြွေဆင်းလာတယ် . . Si Thu
အိမ်မက်လေလား အတွေးလေလား
ကဗျာဆန်တဲ့ ပညတ်တခု
ရင်ထဲကို ထုဆစ်ကြည့်တယ်
လှလိုက်တဲ့ ဒေ၀ီ
နာရီသံမပီတဲ့ ရင်ခုံသံတခု
ငေးမိတဲ့ မျက်ဝန်းတစုံက များနေပြီလား Naing2
မင်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေတဲ့ ..
သူဖုန်းစားတစ်ယောက်လို . . . . . .
ငါ့ကို ကျောသပ်အယုံသွင်းဖို့ မလိုပါဘူး
သရဲနီမလေးရယ် ..
မင်းအမဲလိုက်တဲ့ တောရနံ့ကို မွှေးပျံ့မိကတည်းက
ငါ့မနက်ဖြန်ဟာ ဘယ်သူ့ကြောင့်မှ
နေထွက်မှာ မဟုတ်တော့ဘူး ။ Si Thu
ရိုးသားစွာ ၀န်ခံမှု တစ်ခု ပြုရရင်
အရောင်တွေ လက်နေတဲ့ အလင်းက
အမှောင်တွေ ပြန်ခွင်းမှာလား
အလင်းရောင်ပျောက်နေတဲ့ ရင်ခုံသံကရော
တည်ငြိမ်အေးချမ်းသွားမှာလား
ခပ်ပါးပါး အလွမ်းတွေကြားက
တီးတိုး ရွတ်မိတဲ့ စကားလေးတစ်ခွန်း
မင်းကို သိပ်ချစ်တယ် Naing2
ချစ်သူကို ........................ ကျွန်တော်ချစ်တယ်...............
ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ...
အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။
ချစ်တယ်........... ချစ်တယ်............ ချစ်တယ်..............
အကြိမ်ပေါင်းများစွာ အက္ခရာတင် ...
ကျွန်တော့်စာအုပ်လေးတောင် ပြည့်ကျပ်သွား Si Thu
ဆိုနေတဲ့ သီချင်းသံတွေ ရပ်
မျက်ဝန်းပေါ်က အလှအတွက်
ကဗျာစပ်လို့ ရေးမိတယ်
ချစ်တာအပြစ်လား လွမ်းတာ အပြစ်လား
ဆွေးတာ အပြစ်လားရဲ့ နောက်
သူနှလုံးသား ခြေတစ်စုံရဲ့အောက်
ရုတ်တရက်ဒူးထောက်မိသွားတယ် Naing2
အဲ့ဒီည.......
ဂန္တ၀င်ဆန်ဆန် ည . . . .
ဂန္တ၀င်ဆန်ဆန် စကားလုံးတွေ
တစ်လုံးစ . . .
နှစ်လုံးစ . . .
ဂန္တ၀င်ဆန်ဆန် ပျောက်ဆုံးသွား
ဂန္တ၀င်ဆန်ဆန် ဗလာအိမ်မက်နဲ့
ဒီညထဲ ဘာအလင်းမှ ပါမလာတော့ဘူး...။ Si Thu
Saturday, October 13, 2012
*ဂန္တ၀င်ဆန်ဆန် ည . . .*
Subscribe to:
Post Comments (Atom)








0 comments:
Post a Comment