အချစ်ကြောင့် ဆူးခဲ့သော
အဆိပ်မဲ့ မြှားတစ်ချောင်း
လေးညိုရှင် ပစ်ချက်ကောင်းတော့
စိတ္တဇ အလွမ်းနှင့်အတူ
အနောက်ဘက် နေမင်းကြီးအောက်
ကမ္ဘာတစ်ခြမ်းတောင် နေ၀င်သွားပြီ... (nAt^^sOe)
အနားသတ်ပြန်ညှိဖို့ဆိုတာ
ကြယ်စင်တစ်စင်းလိုငါ မစင်ကြယ်နိုင်ခဲ့ဘူး. . .
လင်းလက်ခြင်းမှာ
င့ါခန္ဒာကိုယ်စတေးထားရုံပဲ . . .
အဆိပ်မှန်းသိရဲ့ မော့သောက်ပြီးမှ
အဆိပ်ပါမလာတာကို
ငါ. . ကံတရားလို့ မပြောဖြစ်ခဲ့ဘူး . . . . . ( nAy^^tHu)
အချစ်ကြောင့် ဆူးခဲ့သော
အဆိပ်မဲ့ ဆူးတစ်ချောင်း
ခြစ်ရှမိသော အလွမ်းတွေကြောင့်
အနောက်ဘက် ကောင်းကင်ကြီးအောက်
သက်တန့် များတောင်
အရောင်ပြောင်းတက်လာပြီ... (nAt^^sOe)
နင့်နေတဲ့ရင်အတွက်
ပါးတစ်ဖက်က ကန်သင်းရိုးဆိုရင်
င့ါမျက်ရည်ကို တစ်သက်စာလှောင်ထားချင်တယ်. . .
ခံနိုင်ရည်နည်းတဲ့ နှလုံသား
အဆိပ်မပါလဲအနာဖြစ်တယ်
င့ါညတွေကကွက်ဆန်းပါစေ . . .
ငါအတွက်မဆန်းတော့ပါဘူး . . . . (nAy^^tHu)
စူးနစ်နေသော ကံကြမ္မာတရားရယ်
ဆူးများနှင့် ပြည့်နေသောရင်ခွင်ကို
အဆိပ်သင့် အမုန်းများ
ဆုလာဘ်လက်ဆောင်အဖြစ်
ပစ္စုပန်ပေါ် ပစ်တင်
အတု နဲ့ အစစ် မခွဲခြားတက်သော
အနောက်ဘက်က လမင်းကြီး
ဒသလို အလွမ်းများနှင့် လွမ်းတတ်သွားပြီ.... (nAt^^sOe)
ကျက်ခြေခတ်များလို့
အလွမ်းရင့်သွားတဲ့ ဒိုင်ယာရီ
ဒါဏ်ရာတွေချည်းပဲ ခေါင်းစဉ်တပ်ထားတယ် .... . .
ဖတ်ရနည်းနည်းခက်တယ်. . .
ဒါပေမယ့် . . . .
ပူလောင်မှု အဆုံးမှာ
သက်ပြင်းရှည်တစ်ခုရှိသရွေ့
မျက်ရည်မလိုပဲ တစ်မျက်နှာတော့ဖတ်လို့ရတယ် . . . . (nAy^^tHu)
xxxxx nAt^_^sOe & ရင်နင့်သူ (nay thu) xxxxx

Nat Soe

![]() |
Nat Soe |

0 comments:
Post a Comment