Pages

Saturday, October 13, 2012

အပြစ်မဲ့ အပြစ်သား

ရင် ရဲ့ ဘယ်ဘက်ခြမ်း ဟာ
အချစ် ရဲ့ သင်္ကေတ ဆိုရင်
ရင် ရဲ့ ညာ ဘက်ခြမ်း ဟာ
သတိရခြင်း ရဲ့ ချောက်ကမ်းပါး ဖြစ်လိမ့်မယ်

သူ့ အိပ်မက် တွေကို ခဏ ဖွက်ထားပေးပါ
ကျွန်တော့် လမ်း ကို ပန်းတွေ ခင်းထားရဦးမယ်

အတုံ့အလှည့် ကြည်နူးခဲ့ တဲ့
ဘ၀ ရဲ့ နွေဦး ပုံပြင်
ငါ့ရင် ကို ဘာအပြစ် နဲ့ ကားစင် တင်လိုက်ရတာလဲ

ငါ့ မှာ ခေါင်းဆယ်လုံး မရှိပါဘူး
နင့် အမိန့် နာခံတတ် တဲ့ အပြုံး တခုပဲရှိတယ်

ငါ့ မှာ နာကျည်းမှုတွေ မရှိပါဘူး
အတိတ် ကို တမ်းတ တတ်တဲ့ စိတ်တခုပဲ ရှိတယ်

ငါ့ မှာ ဟန်ဆောင်ကတိ တွေမရှိပါဘူး
လှုပ်မရအောင် ချည်နှောင်မိတဲ့ သံယောဇဉ် တွေပဲရှိတယ်

အကြိမ်ကြိမ် မက်မိတဲ့ အိပ်မက်ဆိုးတွေကြားမှာပဲ
သတိရခြင်း ရဲ့ ချောက် ကမ်းပါး ထဲ ခဏ ခဏ ကျတယ်
ငါ့ရင် ကို ဘာအပြစ် နဲ့ ကားစင် တင်လိုက်ရတာလဲ
 
Aung Pyae Mon
 

0 comments:

Post a Comment