Pages

Friday, October 12, 2012

''ပင်လယ်ပြာပြာကိုသက်သေတည်မယ်''


ကွေးညွတ်တဲ့နှုတ်ခမ်းတစ်စုံမှာတွယ်ညိမိတဲ့...
စိတ်ဝိဥာဉ်ငါက.....
အလွမ်းဥယျာဉ်ထဲပန်းပျိုးမိသူ ..
.ဖြစ်နေပြီလားကွယ်...
နေ့နေ့ညည တစ်သသနဲ့...
ဲအဲ့ဒီတစ်ညမှာဧဒင်ဥယျာဉ်ကြီးထဲ...
ချစ်သူတွေပျော်ပွဲဆင်နွှဲကြလိမ့်မယ်အို...
ချစ်သူရယ်နင့်ရဲ့ မျက်တောင်ရှည်တစ်စုံဟာ...
ငါ့အတွက် မပြီးဆုံးနိုင်တဲ့ကဗျာတစ်ပုဒ်သာဖြစ်တယ်
ရွှေအိုရောင်ဆံနွယ်တွေနဲ့အိပ်ပျက်ညတွေကို
ဖန်ဆင်းသူသာဖြစ်တယ်ခဏတာတွေ့ဆုံပေမယ့်
တစ်ဘ၀တာ စွဲမက်ထင်မှုမျိုးကို
နင်က ပေးစေတယ်ကွယ်...
.အလွမ်းရထားကိုစီးနင်းပြီးနင်နဲ့ဝေးရာကိုတော့ မသွားချင်ဘူးကွယ်
ကြယ်ကြွေသံစဉ်တွေ.ငါတို့နားထောင်ကြမယ်
တခမ်းတနားလှပတဲ့ ငါတို့ချစ်ခြင်းတွေကို
ပင်လယ်ပြာပြာကြီးက သက်သေတည်လိမ့်မယ်
နင့်ကို...လွမ်းတယ်ကွယ်....

ko yan lay 12,10,2012

Yanaung Tun

0 comments:

Post a Comment