ကြာခဲ့ပါပြီလေ
စိတ်ကူးယဉ်မှုခဲ့မှုတွေ အကုန်လုံးက
သူမနဲ့ အတူတူ... လေထဲမှာ ပျောက်ကွယ်ကုန်တာလေ
ကြာခဲ့ပါပြီလေ
အိမ်မက်ဆိုးတွေနဲ့ပဲ ခြောက်လှန့်ခံနေရလို့
အိပ်မက်လှလှလေးတွေ မက်ခွင့်မရှိတော့တာ
ကြာခဲ့ပါပြီလေ
ဟိုးဝေးဝေးက မှုန်ဝါးဝါး မြင်နေရတဲ့
သူမနဲ့ နောက်အရိပ်တစ်ခု... လက်လေးတွဲလို့
ကျွန်တော့်အတွက် မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့တာ
အားတင်းပြီး သွားကြည့်တယ်
မတွေ့ဘူး ပိုဝေးဝေးလာတယ်
သွားလေ ဝေးလေနဲ့ နောက်ဆုံး
ကျွန်တော်လည်း လုံးပါးပါးရပြီပေါ့
ကြာခဲ့ပါပြီလေ
အချစ်ဆိုတာလည်း မရှိတော့ပါဘူး
သူမနဲ့ အတူတူ ကျွန်တော့အချစ်က
စိတ်ကူးယဉ် ကမ္ဘာထဲမှာ ပျောက်ဆုံးသွားပြီလေ
အဆင်ပြေသလိုသာပြုစားပါ ချစ်သူ
နာကျင်လွယ်တဲ့ နှလုံးသားကို လှည့်ကြည့်မနေပါနဲ့တော့
လုပ်သလိုမဖြစ်ရင်တောင် ဖြစ်သလိုလုပ်နေကြတဲ့
ဒီလောကထဲမှာ
ငါလည်း နေသလိုမဖြစ်ရင်တောင်
ဖြစ်သလိုနေရတော့မှာပေါ့

*Zin Ko Htet*

0 comments:
Post a Comment