ပြုံးရယ်ထားတဲ့မျက်နှာထားဟာ
ကြေကွဲစရာတွေကိုလည်း
ဖုံးဖိထားနိုင်ခဲ့ပြီလား?
ငိုကြွေးမျက်နှာကပဲ
အသုံးတည့်မယ်ဆိုရင်တော့
ခွင့်လွှတ်ပါ
ယောကျာ်းကောင်းတို့ရဲ့သစ္စာ
ချစ်ခြင်းတရားအပေါ် သက်ဝင်ယုံကြည်မှု
ငါဘာကိုမှ ဘယ်တော့မှ
မပျောက်ပျက်ခဲ့
ချစ်ရသူကောင်မလေးရေ...
တောင်တန်းတွေသိပ်မြင့်မားကြသလို
ချိုင့်ဝှမ်းတွေ ပင်လယ်တွေ နိမ့်ဆင်း
သူ့အရည်ချင်းနဲ့သူရှိကြောင်းကို
မင်းနားလည်စေချင်တယ်
ပျော်ပျော်ပဲနေတတ်တဲ့လူတစ်ယောက်
ကဗျာတစ်ပုဒ်နဲ့ပဲနားလည်
အခုတော့လေ
ငါ
အားရပါးရ ရယ်မော ငိုကြွေး နေပါတယ်။ ။
(နှစ်ဆန်းနိုင်)
![]() |
Nitsan Naing |








0 comments:
Post a Comment