Pages

Saturday, October 13, 2012

ဇရပ်

ငါ့ဆီလာကြတယ် ငါပျော်လိုက်ရတာ

နင်တို့အေးဖို့ ငါမိုးပေးထားမယ်

ဟန်ဆောင်မှုတွေ ပစ်ချခဲ့လိုက်

သောကတွေ ရေဆေးပစ်လိုက်

အိပ်စက်ဖို့အတွက် ငါ့ကိုယ်ငါ ခင်းပေးထားတယ်...


သူတို့ပြန်ကြပြီ ငါ့မျက်ရည်တွေ ဘယ်သူမှမသိ

ကျေဇူးတင်ဖို့မလို မြတ်နိုးတဲ့အကြည့်ပဲလိုတယ်

ဘာမှပြန်မပေးရင်တောင် အသိမှတ်တော့ ပြုပေးပါ

နင်တို့ပြန်ဖို့ ငါ့ကျောကို လှေခါးလုပ်ပေးထားတယ်...


မရောက်သေးတဲ့ သူတွေကို လမ်းညွှန်ပေးပါ

နင်တို့ နာမည်ပြန်မပြောပြဘူး

ဘာလုပ်ခဲ့သလဲ မသိစေရဘူး

နွေးထွေးမှုသာ ငါတောင့်တတယ်

ငါ့တာဝန် ငါကျေမှာပါ..
 
Paw Paw Aung
 

0 comments:

Post a Comment