Pages

Saturday, October 13, 2012

ဂုဏ်ပကာသန နှင့် မသက်ဆိုင်သောသူ

 
အခြေနေတွေကွာခြား
အဆင့်တန်းတွေဝေးကွာလွန်းတော့လဲ
ချစ်တယ်ဆိုတဲ့စကားကိုမျိုသိပ်
ရင်ထဲကအချစ်အတွက် တိတ်တိတ်လေးပဲနေတော့မယ်….

မင်းအနားရှိရင် ပျော်နေတတ်သလို
မင်းဘေးနားလာပြီး မင်းမျက်နှာလေးပဲ
ငေးမောကြည့်ပြီး တစ်ဘ၀လုံးစာ
ဖတ်ထားချင်နေမိတယ်…..

ငါမင်းကိုပဲ အရမ်းချစ်တယ်
မင်းကိုလွမ်းတဲ့နေ့တွေဆိုရင်
ငါမပြောနဲ့..ကောင်းကင်ကြီးတောင်ညိုမှိုင်းပြီး
မိုးစက်လေးတွေမျက်ရည်ဝဲတယ်……

မကြင်နာလို့ မခေါ်တဲ့မဟုတ်ပါဘူး
မချစ်ခဲ့လို့လဲ စွန့်လွတ်ခဲ့တာမဟုတ်ပါဘူး
ရင်ထဲမှာကြင်နာခြင်းတွေအပြည့်နဲ့ပါ
မပြည့်စုံတဲ့ ငါ့ဘ၀ကြောင့်
ချစ်ခြင်းတရားအပြည့်နဲ့စွန့်လွတ်ခဲ့တာပါ…..

ခြားနားခြင်း ကွဲပြားခြင်းဆိုတဲ့
ဂုဏ်ပကာသနတွေကိုအခြေခံတာကြောင့်
ငါနဲ့မင်းကို ဝေးစေခဲ့တာပါ
မပြည့်စုံတဲ့ငါ့ဘ၀ထဲကိုမလာပါနဲ့ချစ်သူ

ဒူးနေရာဒူး တော်နေရာတော်ဆိုတာရှိတယ်
ဖြတ်သန်းနေတဲ့ ဘ၀ခြင်းကွာခြားနေတာမို့
ငါ့နေရာမှာပဲငါရပါနေပါရစေ
ငါ့နေရာမှာပဲငါကြည့်နေပါရစေ
မင်းဘ၀ကို အနစ်မွန်းခံပြီးမလာခဲ့ပါနဲ့
နံချာလွန်းတဲ့ငါ့ဘ၀ထဲကို…..
 
Romeo Soe
 

1 comments: